<div style='background-color: none transparent;'></div>

Sunday, November 10, 2013

ယနေ့နံနက်တွင် မဟာမုနိဘုရားကြီး မျက်လုံးတော်ပွင့်ဟု သတင်းများထွက်ပေါ်

ယနေ့မနက်တွင် မဟာမုနိဘုရားကြီးမျက်လုံးတော်ပွင့်ခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက်စာ မျက်နှာများနှင့် ပြည်သူများကြားတွင် ကောလဟလများပျံ့နှံ့လျှက်ရှိရာ အတိကျမသိလိုက်ကြောင်းနှင့် မျက်မြင် သက်သေမရှိကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။
၎င်းတို့ဂေါပကအဖွဲ့တာဝန်ယူသည့်နှစ်နှစ်အတွင်း ယခုဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဘူးခြင်းမရှိကြောင်း အဆိုပါဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်းက ပြောသည်။
အတိကျမသိဘူး၊ မျက်မြင်သက်သေလည်းမရှိပါဘူးဟု ၄င်းက ဆိုသည်။
မဟာမုနိဘုရားကြီးနှင့်ပတ်သက်ရ်ျ ကောလဟလများ မကြာခဏပျံ့နှံ့ကြောင်း အတိကျ ပြောဆိုနိုင်သူအချက်လက်ဖြင့် ထောက်ပြနိုင်သူတစ်ဦးတစ်ယောက်မှ မရှိတာကြောင့် ယခုကဲ့သို့ ကောလာဟ လသာဖြစ်နိုင်ကြောင်း မဟာမုနိဘုရားဈေးဆိုင်တန်းမှ ရတနာမောင် ဆိုင်မှဦးမောင်က ၄င်းအမြင်ကိုသုံးသပ်ပြောဆိုသည်။
ဉီးအသက် ၅၅နှစ် ရှိပီ။ ဘုရားကြီးရပ်ကွက်သားပါပဲ။ ဘုရားကြီးနဲ့ပတ်သက်လို့ ဒီလိုသတင်းတွေက ခဏခဏပါပဲ။ အမှတ်တရကတော့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဘုရားကြီးမှာ ရောင်ခြည်တော်ပွင့်တယ်ဆိုပြီး သတင်းတွေထွက်တယ်။ ဟုတ်မဟုတ်ဘယ်သူမှလည်း မပြောနိုင်ဘူး။ ဒါပေမယ့် မဟာမြတ်မုနိဘုရားကြီးဓာတ် ပုံတွေကတော့ အဲ့ဒီအချိန်တုန်းက တော်တော်ရောင်းကောင်းခဲ့တယ်ဟု ဦးမောင်က ပြောသည်။
ယနေ့တွင် ဥပုသ်နေ့နှင့် ရုံးပိတ်ရက်တနင်္ဂနွေတိုက်ဆိုင်သောကြောင့် မဟာမြတ်မုနိဘုရားကြီးတွင် ဘုရားဖူးမြော်သူများဖြင့် စည်ကားလျှက်ရှိသည်။

Popular

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...