စင်ကာပူ နိုင်ငံတွင် မကြာသေးမီက ချမှတ်ခဲ့သော ဝက်ဘ်ဆိုက်သစ် ပြုလုပ်ရာတွင်
လိုင်စင် ပြုလုပ် ရမည့် စည်းမျဉ်းကို ဆန့်ကျင်သည့် အနေဖြင့် အဖွဲ့တစ်ဖွဲ့က
စင်ကာပူ သတင်း လောက၏ အခြေခံ စည်းမျဉ်း
ဆိုင်ရာ အဓိက အဆောက်အအုံအား ဖျက်ဆီးမည် ဆိုသော ခြိမ်းခြောက်သည့် ဗီဒီယို
ဖိုင်တစ်ခုကို ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြ ခဲ့ပြီး နောက်တစ်နေ့တွင်
Straits Times သတင်းစာ၏ ဝက်ဘ်ဆိုက်အား အမည်မသိ ဟက်ကာ တစ်ဦးက ဆိုက်ဘာ
တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟက်ကာသည် Straits Times ဝက်ဘ်ဆိုက်မှ သတင်းထောက် အိုင်ရီနီသမ်၏ အကောင့် ကို ဖောက်၍ သူမ၏ အကောင့်ဖြင့် ပြည်သူများကို မမှန်ကန်သည့် နည်းဖြင့် လှည့်စားသည့် အတွက် သင်၏ ဝက်ဘ်ဆိုက် တိုက်ခိုက်ခြင်း ခံရပြီဟု နိုဝင်ဘာ ၁ ရက်က ၎င်းဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
အဖောက်ခံရသော အကောင့် သည် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ပိုင်းအထိ အသုံးပြု၍ မရသော် လည်း Straits Times ၏ အဓိက အကောင့် ဝက်ဘ်ဆိုက်များမှာမူ အသုံးပြု၍ ရဆဲပင်ဖြစ်သည်။ အချိန် ၄ မိနစ်ကြာသော အဆိုပါ ဗီဒီယိုဖိုင်သည် အောက်တိုဘာ ၃၁ ရက်ကတည်းက ယခုအချိန်အထိ You Tube ဝက်ဘ်ဆိုက်တွင် ဗိုင်းရပ်စ် အဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်းဗီဒီယိုဖိုင် ထဲတွင် မျက်နှာဖုံး တပ်ထားသူ လူတစ်ဦးက စည်းမျဉ်း စည်းကမ်းများကို ပြန်လည် သုံးသပ် ပေးပါရန် အာဏာပိုင် များအား တောင်းဆိုကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် ဆန္ဒပြပွဲသို့ အနက်နှင့် အနီရောင် ဝတ်စုံများ ဝတ်ဆင်၍ ဆန္ဒပြမှုတွင် ပါဝင်ကြရန် စင်ကာပူ ပြည်သူများအား တိုက်တွန်းခဲ့သည့် အပြင် ထိုနေ့တွင် Facebook သုံးစွဲသူများ အနေဖြင့်၎င်းတို့၏ Profileများကို အနက်ရောင်သာ ထားရှိပေးရန် ၎င်းက တောင်းဆိုခဲ့သည်။ စင်ကာပူနိုင်ငံ၏ သတင်းလောက အဖွဲ့အစည်းက စင်ကာပူတွင် အနည်းဆုံး သုံးစွဲသူ ၅ဝဝဝဝ ရှိသည့် ဝက်ဘ်ဆိုက် တစ်ခုသည် လိုင်စင် ပြုလုပ်၍ တစ်နှစ်လျှင် လိုင်စင် သက်တမ်းတိုး ရမည်ဖြစ်ကြောင်း မေ ၂၈ ရက်တွင် ကြေ ညာခဲ့သည်။ ၎င်းလိုင်စင် သည် ဇွန် ၁ ရက်တွင် စတင်၍ အကျုံးဝင်ကြောင်း သိရသည်။

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...