နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် နိုင်ငံရေး
အကျဉ်းသားများကို လွှတ်ပေးလျက် ရှိသော်လည်း အကျဉ်းထောင်များအတွင်း
နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသား
စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။
အဆိုပါ ကျန်ရှိနေသူများတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ထားသော်လည်း ၎င်းတို့၏ အမှုများမှာ အခြား ရာဇဝတ်မှုများနှင့်
ရောထွေးနေသောကြောင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတွင်
ဆွေးနွေးအပြီး ဒီဇင်ဘာအမီ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြသွားမည်
ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နောက်ထပ် တင်ပြလာတာ ၁၃ ယောက် ရှိပါတယ်။ အားလုံး လွတ်မြောက်ဖို့အတွက် ကော်မတီက တင်ပြနိုင်ဖို့ပဲ လိုပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများတွင် ပုဒ်မ ၁၈၊ ၅၀၅ (ခ)
နှင့် မတရား အသင်းနှင့် ဆက်သွယ်သော ဥပဒေပုဒ်မ ၁၇ (၁) များအပြင် အခြားလက်နက်
ရောင်းဝယ်မှု၊ ဗုံးဖောက်ခွဲမှုများ ပါရှိနေကြောင်း လက်ကျန် နိုင်ငံရေး
အကျဉ်းသားများ စိစစ်ရေး ကော်မတီထံမှ သိရသည်။
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို ၂၀၁၄
ခုနှစ် ဇန်နဝါရီ မတိုင်မီ လွှတ်ပေးရန်အတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး
ကော်မတီက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက
ထုတ်ပြန် ကြေညာထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသစ်
လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို
(၁၃) ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်
ခဲ့ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရသည်။
by the voice weekly
Monday, November 18, 2013
နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် ကျန်ရှိဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...