မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမေရိကန် အစိုးရ၏
အမည်ပျက် စာရင်းတွင် ထည့်သွင်းရန် အမေရိကန် အဖွဲ့အစည်း ၃၀ ကျော်က
သမ္မတအိုဘားမားထံ အိတ်ဖွင့်စာပေးပို့ တောင်းဆို ထားကြောင်း The Indian
Express သတင်းစာတွင် ဖော်ပြသည်။
ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်သည် ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ
ဖြစ်ပွားစဉ်က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို
ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများကို
တိုက်ခိုက်မှုများအတွက် တာဝန်ရှိပြီး ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရမည့်
အချက်အလက်များနှင့် ကိုက်ညီနေကြောင်း ယင်းတောင်းဆိုစာတွင် ထောက်ပြထားသည်။
အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းကို ပြန်လည် မသုံးသပ်မီ ယုံကြည်
စိတ်ချထိုက်သော အခြားသူများကိုလည်း စစ်ဆေးပြီးမှသာ အမည်ပျက်စာရင်းကို
အတိုးအလျှော့ ပြုလုပ် သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ပြောကြားသည်။
နိုင်ငံတကာ သဘောတူညီချက်များတွင်
မည်သို့သော သဘောတူညီချက်များ ရှိထားစေကာမူ စစ်ဖြစ်နေစဉ် နှစ်ဖက်စလုံးက
အသက်လု ထိုးဖောက်ရသဖြင့် အနည်းအကျဉ်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ၎င်းက
ဖြည့်စွက် ပြောကြားသည်။
ယခင်နှစ်များက အမည်ပျက်စာရင်းနှင့်
ပတ်သက်၍ အနည်းအကျဉ်းမျှသာ ပြောင်းလဲ ဖြည့်စွက်ခဲ့ရာ သမ္မတအိုဘားမား
အစိုးရအနေနှင့် ပိတ်ဆို့ အရေးယူမှု စာရင်းကို အသစ်တစ်ဖန် ဖြည့်စွက်မှုများ
ပြုလုပ်သင့်ကြောင်း၊ ယင်းစာရင်းမှ ပယ်ဖျက်သင့်သည့် ပြုပြင်ပြောင်းလဲရေး
လိုလားသော အရပ်သားများနှင့် ပတ်သက်သည့် အခြေခံ အချက်များကိုလည်း
ရှင်းရှင်းလင်းလင်း ထုတ်ပြန် စေလိုကြောင်း ယင်းစာတွင် တောင်းဆိုထားသည်။
ယင်းအခြေခံ အချက်များ ရှင်းလင်း ပြတ်သားမှု မရှိသဖြင့် တပ်မတော်နှင့်
ပတ်သက်ဆဲဖြစ်သော ဦးတေဇ ဦးဆောင်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်ကို
အမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးလိုက်ခြင်းသည် ဆီလျော်ညီသော ဆုံးဖြတ်ချက်
မဟုတ်ကြောင်း ယင်းစာတွင် ဝေဖန် ရေးသားထားသည်။
အမေရိကန် ဘဏ္ဍာရေးဌာန
နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးသည် အမေရိကန်အစိုးရ၏
နိုင်ငံခြားရေး မူဝါဒနှင့် အမျိုးသား လုံခြုံရေး အပေါ်တွင် အခြေခံ စဉ်းစားကာ
အကြမ်းဖက်သမားများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်သူများ၊
အစုလိုက် အပြုံလိုက် သေကျေစေနိုင်သော လက်နက် ပြန့်ပွားရေးနှင့်
ပတ်သက်သူများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရများကို
ရည်ရွယ်ပိတ်ဆို့ခြင်း ဖြစ်သည်။
ယခုနှစ် ဇူလိုင်လ အတွင်းမှာပင်
မြောက်ကိုရီးယား အစိုးရထံမှ လက်နက် ဝယ်ယူသည်ဆိုသော အစိုးရတပ်မတော်မှ
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင်
ထည့်သွင်းထားသည်။
by the voice weekly
Saturday, November 9, 2013
ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမည်ပျက်စာရင်း သွင်းရန် သမ္မတအိုဘားမားကို တောင်းဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...