လာမည့် စနေနေ့တွင် အိုးထရက်ဖို့ဒ်၌ လာရောက်ရင်ဆိုင်မည့်
ပြိုင်ဘက်အာဆင်နယ်အနေဖြင့် ယခု ရာသီတွင် ချန်ပီယံဆုကို ရယူနိုင်ကြောင်း
သက်သေပြရန် လိုအပ်မည်ဖြစ်သည်ဟု မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး
ဝိန်းရွန်းနီက ပြောကြားလိုက်သည်။
အာဆင်နယ် အသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများ ရရှိနေကာ ပွဲစဉ် (၁၀) ပြီး ချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ် (၅) မှတ် အသာဖြင့် ဦးဆောင်လျက်ရှိသည်။
လက်ရှိတွင် မန်ယူအသင်းသည် အမှတ်ပေးဇယား အဆင့်(၈)သို့ ရောက်ရှိနေပြီး
ယခုနှစ်အတွင်း အသင်းကြီးများ နှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင်
နိုင်ပွဲတစ်ပွဲမျှ မရှိသေးပေ။ သို့သော် မန်ယူနှင့် အာဆင် နယ်တို့၏
အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးတေ
အာဆင်နယ် အနေဖြင့် ပွဲစဉ်(၁၀)ပြီးသည်အထိ အမှတ်ပေးဇယားကို အမှားအယွင်းမရှိ
ဦးဆောင်နေရာ အဆိုပါ စွမ်းဆောင်မှုများအတွက် ရွန်းနီက ချီးကျူးခဲ့သည်။
“သူတို့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ပြောင်မြောက်လွန်းပါတယ်။ ဒါပေမဲ့
ဒီအချိန်ကတည်းကစပြီး ရာသီကုန်ကာနီးအထိ အမှတ်ပေးဇယား ကို ဦးဆောင်နိုင်ဖို့
ဆိုတာကတော့ ခက်ခဲလွန်းပါတယ်”ဟု ရွန်းနီကဆိုသည်။ ထို့ကြောင့် အာဆင်နယ်
အသင်းအနေဖြင့် (၈) နှစ်ဆက်ဖလားလက်မဲ့ အခြေအနေကို ရပ်တန့်ပစ်နိုင်ရန်အတွက်
ချန်ပီယံဆုနှင့် ထိုက်တန်ကြောင်း သက်သေပြရန်လိုအပ်မည်ဟု ရွန်းနီကထပ်လောင်း
ပြောကြားခဲ့သည်။
“အာဆင်နယ်အနေနဲ့ လာမယ့်မတ်လမှာ ဒီအခြေအနေမှာ
ရှိနေဦးမလား စောင့်ကြည့်ရမှာပါ။ သူတို့ ချန်ပီယံဖြစ်ချင်တယ်ဆိုရင်
သက်သေပြဖို့တော့ လိုပါလိမ့်မယ်” ဟု ရွန်းနီကပြော ကြားခဲ့ခြင်း ဖြစ်သည်။
by mizzima
Saturday, November 9, 2013
ချန်ပီယံဖြစ်နိုင်ကြောင်း အာဆင်နယ် သက်သေပြရန်လိုဟု ရွန်းနီဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...