ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီဖြစ်သော
တယ်လီနောက ဖြန့်ချိ ရေးနှင့် လက်လီအရောင်းဆိုင် လုပ်ကိုင်လိုသည့်
ပြည်တွင်းလုပ်ငန်းရှင်များကို စတင် ခေါ်ယူနေသည်ဟု နိုဝင်ဘာ ၁၉ ရက်က
ရန်ကုန်မြို့ Traders ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
Telen- or Myanmar ၏ Chief Marketing Officer Mr.Sharad Mehrotra က ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီနော၏ ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်နှင့် အခြား
အပိုဆောင်း ၀န်ဆောင် မှုများအပြင် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများ ရောင်းချ
ဝန်ဆောင်မှုပေးနိုင်မည့် ဆိုင်များကို စတင် ခေါ် ယူခြင်းဖြစ်သည်ဟု ဆိုသည်။
“တယ်လီနောရဲ့ ထုတ်ကုန်တွေကို တစ်နိုင်ငံလုံး ဖြန့်ချိပေးနိုင်မယ့်
အရောင်းဆိုင်တွေကို စတင်ဖိတ်ခေါ် ပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ၉၀
ရာခိုင်နှုန်းလောက်အထိကို ၀န်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားပြီး
ဖုန်းဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းနိုင်မယ့် ဆိုင်တွေကို
ဖိတ်ခေါ်တာပါ”ဟု Mr.Sharad Meh- rotra က ပြောသည်။
တယ်လီနော၏
ဖြန့်ချိရေးပိုင်းနှင့် လက်လီအရောင်းဆိုင်များအတွက်
လုပ်ကိုင်လိုသူများအနေဖြင့် Tele- nor Myanmar ၏အင်တာနက်စာမျက်နှာဖြစ်သော www.telenor.com^myanmar တွင် လျှောက်လွှာ များ ရယူဖြည့်သွင်းပြီး Partner.myanmar@telenor.com.mm
တယ်လီနော်သည် မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက် တည်ဆောက်ရန်
တရုတ်နိုင်ငံအခြေစိုက် Huawei နှင့် အိန်္ဒိယနိုင်ငံအခြေစိုက် VIOM
ကုမ္ပဏီတို့နှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကာ ပြည်တွင်း နည်း
ပညာကုမ္ပဏီအချို့နှင့်လည်း တွဲဖက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားသည်ဟု Telenor
Myanmar ၏ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberge က ပြောသည်။
“နက်ခ်ဝပ်ပိုင်းတည်ဆောက်ဖို့လည်
တယ်လီနောသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ
လုပ်ကိုင်ရန် လုပ်ငန်းလိုင် စင်ချထားပေးမှုကို စောင့်ဆိုင်းလျက်ရှိပြီး
လိုင်စင်ရရှိပြီးရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်း
ချပေးနိုင်မည်ဟု တရားဝင် သတင်းထုတ်ပြန်ထားသည်။
ပြည်တွင်း
ဆက်သွယ်ရေးလုပ်ငန်းများကို အော်ပရေတာလေးခုက လုပ်ကိုင်သွားမည်ဖြစ်ပြီး
ပြည်တွင်း ကုမ္မဏီ နှစ်ခုနှင့် ပြည်ပကုမ္မဏီနှစ်ခုတို့က
လုပ်ကိုင်သွားမည်ဖြစ်ကာ ပြည်ပကုမ္မဏီများအဖြစ် နော်ဝေ နိုင်ငံအခြေစိုက်
တယ်လီနောနှင့် ကာတာနိုင်ငံအခြေစိုက် အူရီဒူးကုမ္မဏီတို့က
လုပ်ကိုင်မည်ဖြစ်သည်။
by mizzima
Wednesday, November 20, 2013
ဆင်းမ်ကတ်ဖြန့်ချိရေးနှင့် လက်လီအရောင်းဆိုင်များ တယ်လီနော ဖိတ်ခေါ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...