လျှပ်စစ်မီတာခများတိုးမြှင့်ကော
"လျှပ်စစ်ဓါတ်အားခ
တိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အကုန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အစသို့
စိစစ်ပြီး ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်၏
အဆုံးအဖြတ်ကို ရယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း" ဟု ဦးခင်မောင်စိုးက
ပြောသွားသည်။
ဦးခင်မောင်စိုး၏ ဖြေရှင်းချက်အရ ၂၀၁၄ ခုနှစ် ဧပြီ ၁
ရက်မှစတင် ကောက်ခံမည်ဟု အဓိပ္ပါယ်သက်ရောက်နေရာ ပြည်ထောင်စုလွှတ်တော်နာယက
ဦးရွှေမန်းက "တိုးမကောက်ပါဘူး။ လာမယ့် ဘတ်ဂျက်ကာလမှာ စိစစ်ညှိနှိုင်းပြီးမှ
ဆက်လက်ဆောင်ရွက်ပါမယ်ဆိုတဲ့ အဖြေပဲဖြစ်ပါတယ်" ထပ်ဆင့်ရှင်းလင်းခဲ့သည်။
"ဒီအဆိုပေါ်မူတည်ပြီးတော့ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းကို
ရပ်ဆိုင်းထားမယ်။ လာမယ့်ဘတ်ဂျက်နှစ်ကျတော့မှ ပြန်လည် သုံးသပ်စိစစ်ပြီးမှ
ဆက်လက်ဆောင်ရွက်ပါမယ်ဆိုတဲ့ တင်ပြချက်ကလည်း ပြည်သူများရဲ့ လိုအပ်ချက်၊
ပြည်သူများရဲ့ ဆန္ဒများကို လေးစားစွာ ဖော်ဆောင်ပေးမှာဖြစ်သလို
ပြည်ထောင်စုလွှတ်တော်ကိုလဲ ဒီလိုပဲတင်ပြတယ်လို့ မိမိအနေနဲ့ မှတ်ယူပါတယ်"
ဟုလည်း လွှတ်တော်နာယက ဦးရွှေမန်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လျှပ်စစ် မီတာခံများ တိုးမြှင့်ကောက်ခံခြင်းကို နိုဝင်ဘာ ၈ ရက်တွင်
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က
ပြန်လည်သုံးသပ်ရန် အရေးကြီးအဆို တင်သွင်းထားမှုကို လျှပ်စစ် စွမ်းအားဝန်ကြီး
ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၂ ရက် လွှတ်တော်တွင်
ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည
"ပြည်သူအများစု မျှမျှတတ ခံစားရရှိနိုင်စေရန်နှင့် ဖြည့်ဆည်းနိုင်ရန်အတွက်
ဓါတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီကနေ့ ငွေတန်ဖိုးအရ
ယခုတိုးမြှင့်ကောက်ခံတဲ့ ငွေပမာဏဟာ မများလှဘူးလို့ ယူဆပါတယ်။ လျှပ်စစ်ကို
အလေအလွင့် မရှိအောင် လျှော့သုံးလိုက်ရင် မပေးနိုင်စရာမရှိပါဘူးလို့
ထင်ပါတယ်" ဟုလည်း ဦးခင်မောင်စိုးက လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက
နောက်ကျကျန်နေသေးသည့်အပြင် လူတစ်ဦးချင်းစီ၏ အနိမ့်ဆုံးလုပ်ခလစာဝင်ငွေချင်း
ယှဉ်ကြည့်မည်ဆိုလျှင်လည်း ကွားခြားနေသည့်အတွက် တိုးမြှင့်ကောက်ခံမည့်
ဓါတ်အားခနှုန်းထားများကို အာဆီယံနိုင်ငံများနှင့် ယှဉ်၍ မသတ်မှတ်သင့်ကြောင်း
လူမှု၊ စီးပွားရေး ပညာရှင် အချို့က သုံးသပ်ကြသည်။
"တကယ်တမ်းဆိုရင် ကျွန်တော်တို့က ဘက်စုံ နောက်ကျကျန်နေတဲ့ နိုင်ငံပါ။
ကျွန်တော်တို့ ရှေ့က နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ပြောရင်၊
ကျွန်တော်တို့နိုင်ငံက အခြားနိုင်ငံတွေနဲ့ တူညီတဲ့ အခြေအနေရှိလား။
အာဆီယံစံနှုန်း ဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာမှာလဲ၊ တခြားနိုင်ငံနဲ့
နှိုင်းယှဉ်ပြီး ကောက်ခံတာဆိုရင်တော့ သိပ်ပြီးတော့ သဘာဝမကျဘူးလို့
ကျွန်တော်မြင်တယ်" လူ့အရင်းအမြစ်နှင့် စီမံခန့်ခွဲမှုပညာရပ်သင်ကြားပေးေ
စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်ကလည်း
“ကိန်းဂဏန်းတွေကိုကြည့်ရင် ဒီအတိုင်းမကြည့်ပဲ Stage and Economic
Development (အာဆီယံ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း) မတူတာကို
ကြည့်ရမှာပေါ့၊ သူများနဲ့လိုက်ပြီး ယှဉ်လုပ်မယ့်အစား ကိုယ့်တိုင်းပြည်နဲ့
ကိုယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ ယှဉ်ပြတယ်ဆိုရင်
ဖွံ့ဖြိုးနေတဲ့ အာဆီယံနဲ့ ကိုယ်နဲ့ယှဉ်လို့ သင့်ပါ့မလားပေါ့၊ အဲဒါကို
ထောက်ပြချင်ပါတယ်" ဟု ဆိုသည်။
မီတာတိုးမြှင့်ရန် သတ်မှတ်ခဲ့သည့်
ဓာတ်အားခနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်မှ ယူနစ် တစ်ရာအထိ တစ်ယူနစ်လျှင်
၃၅ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှစ၍ တစ်ယူနစ်လျှင် ၅၀ ကျပ်နှုန်း
တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်အားခများ ကိုလည်း
တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိ တစ်ယူနစ်လျှင် ၁၀၀ကျပ်နှုန်း၊ ၅၀၀၁ ယူနစ်မှ
စတင်၍ တစ်ယူနစ်လျှင် ၁၅၀နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အောက်တိုဘာလ
၂၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ဓါတ်အားခနှုန်းထားများကို အဆင့်ဆင့်ပြောင်းလဲကောက်ခံခဲ့ရာ
(မဇ္ဈိမသတင်းဌာန)
Wednesday, November 13, 2013
ယခုဘဏ္ဍာနှစ်အတွင်း မီတာခ တိုးကောက်မည်မဟုတ်တော့
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...