<div style='background-color: none transparent;'></div>

Wednesday, November 13, 2013

(၁၀)ဘီးယာဉ်အားကျော်တက်စဉ် ယာဉ်တိုက်မှုဖြစ်

၁၀-၁၁-၂၀၁၃ ရက်နေ့ ၀၉၁၅ အချိန် ရေနံချောင်းမြို့၊ စက်မှုဇုံရပ်၊ ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၃၆၉/၁)အနီးတွင် မကွေးမှချောက်သို့ ချောက်မြို့၊ အုံမြားစုရပ်ကွက်နေ ကျော်ဝင်း(၅၁)နှစ်မောင်းနှင်လာသော ““မြမြင့်မိုရ်””မှန်လုံယာဉ်အမှတ်၊ ၆ခ/xxxxသည် ရှေ့မှ(၁၀)ဘီး ကားအားကျော်တက်စဉ် မျက်နှာချင်းဆိုင်တစ်ဘက်ယာဉ်ကြောရှိ ချောက်မြို့ဘက်မှ ဦးမောင်မောင်လေး (ခ)ဦးစိုးသိန်းလှိုင်မောင်းနှင်လာသော လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ်၊ ၈ဆ/xxxx အား ၀င်ရောက် တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ(၁၅)ဦးအနက် ရေနံချောင်းမြို့၊ မကျီးလေးပင်ရွာသစ်ရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ခင်မြ၀င်း(၄၅)နှစ်တွင် ယာခြေထောက်ပွန်းပဲ့သွေးထွက် ဒဏ်ရာ၊ အောင်မင်းခန့်(၆)နှစ်တွင် မျက်နှာ/နဖူးပွန်းပဲ့ဒဏ်ရာ၊ ညောင်ဦးမြို့နေ မင်းနိုင်ဦး (၄၇)နှစ်တွင် နံရိုးအောင့်သည့်ဒဏ်ရာ၊ ရေနံချောင်းမြို့၊ လှည်းတန်းရွာသစ်ရပ်ကွက်နေ ဒေါ်ခင်မြရီ (၅၅)နှစ်တွင် နောက်ကျောအောင့်၊ ၀ဲပါးဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျော်ဝင်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...