လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ်ဝိုင်ယာကြိုးကိုဖောက်ကာ နေအိမ်သို့
မီးသွယ်ရန်ကြိုးစားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း
သတင်းရရှိသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊
စက်မှုဇုန်(၄)အတွင်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၂၄ ရက် ကအမျိုးသားတစ်ဦး
လျှပ်စစ်မီးသွယ်ရန် အလုပ်သမားတန်းလျားသို့ သွယ်တန်းထားသော
လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ် ၀ိုင်ယာကြိုးကြီးတစ်ကြိုးကို
ဖောက်နေစဉ် ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
၎င်းမှာ
ဓာတ်လိုက်ခံရခြင်းကြောင့် ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံသို့
ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း
ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်-၈၄/
၁၃ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
လျှပ်စစ်ကြိုးများကို
ကိုင်တွယ်ရာတွင် စနစ်တကျဖြင့် သတိရှိရှိကိုင်တွယ်ရန်နှင့်
ကျွမ်းကျင်သူများကသာ လုပ်ဆောင်ပါရန် ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က နိုင်ငံပိုင်မီဒီယာများမှ
ထုတ်ပြန်ကြေညာပေးနေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
အကယ်၍
လျှပ်စစ်ဓာတ်အားများဆုံးရှုံးအောင် တရားမ၀င်သုံးစွဲပါက ဥပဒေအရ
အရေးယူခံရမည်ဖြစ်ကြောင်း အင်းစိန်မြို့မရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
by 7day Daily
Wednesday, November 27, 2013
ဝိုင်ယာကြိုးကိုဖောက်၍ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသူ ဓာတ်လိုက်သေဆုံး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...