<div style='background-color: none transparent;'></div>

Wednesday, November 27, 2013

Contact ၁၀၀၀ ကျော်ကို စာရွက်နဲ့ ရေးပြီး ပြန်ပို့တဲ့ ဖုန်းသူခိုး

ဒီအဖြစ်အပျက်တော့ တကယ်ပဲ ထူးခြားတယ်လို့ ဆိုရမှာပါ။ ထူးခြားတယ် ဆိုပေမယ့် တရုတ်နိုင်ငံမှာ တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်တစ်ခုပါပဲ။ iPhone တစ်လုံးကို ခိုးယူခဲ့သူ တစ်ဦးဟာ အဆိုပါ ဖုန်းထဲမှာ ရှိတဲ့ ဖုန်းနံပါတ် (Contacts) ၁၀၀၀ ကျော်ကို စာရွက်တွေနဲ့ ရေးပြီး ဖုန်းပိုင်ရှင်ဆီသို့ ပြန်လည်ပို့ပေး ခဲ့ပါသတဲ့။ ပုံမှာတွေ့ရတဲ့အတိုင်း စာရွက် ၁၁ ရွက်ပေါ်မှာ Contact တွေ ချရေးခဲ့ခြင်း ဖြစ်ကာ ဖုန်း SIM ကဒ်ကိုလည်း တစ်ပါတည်း ပြန်လည် ပို့ပေးခဲ့ပါတယ်။ ယူရိုငွေ ၂၇၀ လောက်တန်တဲ့ iPhone ကိုတော့ ပြန်လည်မပို့ ပေးခဲ့ပါဘူး။

ဖုန်းပိုင်ရှင်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ Zou Bin ဆိုသူ ဖြစ်ပြီး ၎င်းဟာ ဖုန်းပျောက်လျှင်ပျောက်ချင်း သူ့ဖုန်းပြန်လည် ရရှိစေရန် Text Message တွေကို အမြောက်အများ ဖြန့်ဝေခဲ့ပါတယ်။

သူ့ရဲ့ Message ထဲမှာ “ခိုးသွားသူဟာ သူ့ဘေးမှာထိုင်ခဲ့တဲ့သူ ဖြစ်ကြောင်း သိရှိပြီး မကြာခင် အဆိုပါ သူခိုးကို ရှာဖွေတွေ့လိမ့်မှာ ဖြစ်ကြောင်း၊ ဖုန်း Contact တွေကို သေချာကြည့်ရင် သူဟာ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် ရှိသူဖြစ်ကြောင်း၊ မင်း ကြောက်တတ်ရင် အခုပါတဲ့ လိပ်စာအတိုင်း မင်းလက်ထဲက ဖုန်းကို အမြန်ပြန်ပို့ဖို့ လိုကြောင်း” စသဖြင့် ရေးသားခဲ့ပါတယ်။ ရက်ပိုင်းလောက် ကြာပြီးတော့ Zou Bin အနေနဲ့ အထက်ကဖော်ပြခဲ့သလို ဖုန်းနံပါတ်တွေ ရေးထားတဲ့ စာရွက် ၁၁ ရွက်နဲ့ SIM ကဒ် ကိုသာ ပြန်လည် ရရှိခဲ့ပြီး iPhone ကိုတော့ ပြန်မရခဲ့ပါဘူး။

တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်အချို့မှာတော့ အဆိုပါ သူခိုးကို လူကျင့်ဝတ်သိသူ ဖြစ်ကြောင်း၊ သူခိုးလောကရဲ့ လူကောင်းတစ်ယောက် ဖြစ်ကြောင်း စသဖြင့် ချီးကျူးခဲ့ကြပါတယ်။

Ref: Daily Mail
by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...