စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကြံစိုက်ပျိုးရေးတပ်ပိုင်
စိုက်ခင်းအနီးတွင် ယခုလ ၅ ရက်နေ့မနက် ၇ နာရီခွဲအချိန်ခန့်က စစ်သားတစ်ယောက်၏
အလောင်းအား တွေ့ရှိရကြောင်း ဇီးကုန်းနယ်မြေ ရဲစခန်း၏ မှုခင်းဆိုင်ရာ
မှတ်တမ်းများ၌ ဖော်ပြထား သည်ဟု သိရသည်။
ထိုသို့ ဖော်ပြထားရခြင်းမှာ
ကြံစိုက်ပျိုးရေးတပ်တွင် ဒု - တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး
မျိုးမြင့်ဦး ဆိုသူမှ နယ်မြေရဲစခန်းသို့
ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားချက်များအရ ဖော်ပြထားရခြင်းဖြစ်ကြောင်း
အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးက အတည်ပြုပြောကြားသည်။
ဗိုလ်မှူး
မျိုးမြင့်ဦးမှ ဖုန်းဆက်သွယ်ခဲ့ပြီးနောက် ဇီးကုန်းနယ်မြေရဲစခန်းရှိ
တာဝန်မှူး ဒုရဲအုပ် ကီးနိန်ကီးနှင့်အဖွဲ့မှ ကြံစိုက်ပျိုး ရေးတပ်ပိုင်
ကြံစိုက်ခင်းရှိရာ အရပ်သို့သွားရောက်ခဲ့ကြသည်။ ထိုအရပ်သို့ရောက်သောအခါ
ကြံစိုက်ခင်းအနီး ရေထဲ၌ လူတစ်ဦး မှောက်လျက်သေဆုံးနေသည်ကို
တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ
သေဆုံးနေသူမှာ ကိုယ်ပိုင်အမှတ် တ/ ၂၀၈၈၀၅ တပ်သား ဖုန်းဝေ
အသက်(၃၂)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် တပ်မတော်သား
တစ်ဦးဖြစ်ကြောင်း အဆိုပါ ကြံစိုက်ပျိုးရေး တပ်မှ အတည်ပြုပြောကြားခဲ့သည်ဟု
သိရသည်။
ထို့နောက် ကြံစိုက်ခင်းအနီး စစ်သားတစ်ဦးသေဆုံးနေခြင်းအား
ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ဇီးကုန်းနယ်မြေရဲစ ခန်းက သေမှုသေခင်း
အမှတ်စဉ် ၁၁/၂၀၁၃ အရ အမှုရေးဖွင့်ခဲ့သည်။ ထိုအမှုကိုလည်း စခန်းမှူး ရဲအုပ်
ဝင်းမြင့်မှ စစ်ဆေး လျက်ရှိကြောင်း သိရသည်။
သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
by thithtoolwin
Thursday, November 7, 2013
စစ်သားတစ်ဦး၏ အလောင်းတစ်လောင်းအား ကြံစိုက်ခင်းအနီးမှ တွေ့ရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...