မြန်မာနိုင်ငံက ထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့
နိုင်ငံရေးအကျဉ်းသားတွေကို ဒီလ အတွင်းမှာ ပြန်လွှတ်ပေးဖို့ရှိတယ်လို့
နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ကပြောပါတယ်။
သမ္မတ
ဦးသိန်းစိန်ဟာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို
ဒီနှစ်အကုန်မှာ လွှတ်ပေးမယ်လို့ အရင်တုန်းက ကဓိပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီအဖွဲ့ရဲ့ အာမခံချက်အရ လောလောဆယ်မှာတော့
နိုင်ငံရေးအကျဉ်းသား ၆၃ ယောက်လောက်ကို လွှတ်ပေးဖို့ရှိတယ်လို့
ဆိုပါတယ်။
ဒါပေမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့အတွက် အခုချိန်ထိ သမ္မတ ဆီကနေ
ညွှန်ကြားချက်တစုံတရာမရရှိသေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးဌာနက
အဆင့်မြင့်အရာရှိတဦးက Reuters သတင်းဌာနကိုပြောပါတယ်။
လက်ရှိမှာ
နိုင်ငံရေးအကျဉ်းသား အယောက်ပေါင်း ၁၅၀ လောက် အကျဉ်းထောင်တွေထဲမှာ
ကျန်ရှိနေပြီး တခြား အယောက်ပေါင်း ၂၃၀ ကျော်လောက်ဟာလည်း
နိုင်ငံရေးလှုပ်ရှားမှုနဲ့ အမှုရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့
နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ကဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က အကျဉ်းသား ၅၆
ယောက် လွှတ်မြောက်လာခဲ့ပြီး များသောအားဖြင့်
တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေဖြစ်ပါတယ်။
![]() |
| နိုင်ငံရေးအကျဉ်းသားတွေကို ဒီလအတွင်းမှာ လွှတ်ပေးဖို့ရှိ |
ABC Radio Australia











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...