<div style='background-color: none transparent;'></div>

Saturday, November 23, 2013

မင်္ဂလာဒုံမြို့နယ်တွင်ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး(၂)ဦးဒဏ်ရာရ

၂၂.၁၁.၂၀၁၃ရက်နေ့ ၁၈၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ (၂/က)ရပ်ကွက်၊ ဓူဝံလမ်းအတိုင်း အောင်မင်္ဂလာအဝေးပြေးဝင်းဘက်မှ ခရေပင်လမ်းဆုံ
ဘက်သို့ ယာဉ်မောင်း မိုးထက် (ဘ)ဦးမောင်လွင် မောင်းနှင်လာသော ၃င/-----၊ Aumark အပြာရောင်ကိုယ်ပိုင်ယာဉ်သည် ၎င်း၏ရှေ့
ဝဲဘက်လမ်းစပ်၌ လမ်းလျှောက်နေသူ ဦးစံရွှေ (ဘ)ဦးမောင်သိန်း၊ (၂/က)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်နေသူအား တိုက်မိပြီး ဆက်လက်၍ အဆိုပါယာဉ်မှာ လမ်းဘေးအုတ်ခုံတွင်ထိုင်နေသောမလှလှဝင်း(ခ)မစူးမား (ဘ)ဦးပါတူ၊ ပေါက်ကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်နေသူအား
ထပ်မံတိုက်မိပြီးနောက် ခြံစည်းရိုးအုတ်တံတိုင်းအားဆက်တိုက်သဖြင့် ခြံစည်းရိုးအုတ်တံတိုင်းပြိုကျကာအမှတ်(၄)ခြံဝင်းနေ ကိုအောင်ထက်သူရိန် (ဘ)ဦးမောင်ချေအားပြိုကျသည့်အုတ်တံတိုင်းအုတ်ရိုးထိမှန်ကာ ဒဏ်ရာရရှိခဲ့ပါသည်။
ယာဉ်တိုက်ခံရသူ လှလှဝင်းတွင် ယာပေါင်/ယာဒူးဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်/နှာခေါင်းသွေးထွက်
ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး၊
ဦးစံရွှေတွင် ယာပါးဖူးယောင်၊ ယာနားပေါက်ပြဲ(သတိမရ) ဖြင့် အင်းစိန်ဆေးရုံတွင်အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ကိုအောင်ထက်သူရိန်တွင် ၀ဲခြေ၊ ယာတံတောင်၊ ယာပေါင်ပွန်း ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ယာဉ်မောင်း မိုးထက်အား မင်္ဂလာဒုံမြို့မ ရဲစခန်းယာဉ်(ပ)၁၀၁/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...