မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို နေအိမ်ဂိုဒေါင်များအတွင်း
သို့ရွှေ့ပြောင်း၍ တရားမဝင်လက် ဝယ်ထားရှိထားသူနှစ်ဦးအား
သက်ဆိုင်ရာရဲစခန်းများတွင် အ မှုဖွင့်အရေးယူလိုက်ပြီဖြစ်ရာ မ သင်္ကာဖြစ်
ဖွယ်ရာသတင်းများ ရရှိသည့်ဗလီများအား စစ်ဆေး မှုများကို ဆက်လက်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခုသိမ်းဆည်းရမိထား သော လက်နက်ပစ္စည်းများမှာ ပြီးခဲ့သည့်
မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွား နေစဉ်တွင် ဘာသာခြားများက ဗလီများအတွင်း
ထားရှိထားသည် ဖြစ်ရာ ဖြစ်စဉ်ပြီးနောက်တွင် နေ အိမ်သို့
ပြောင်းရွှေ့သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များက
ဖမ်းဆီးရမိရာတွင် ပြင်ပကောလာဟလများ ထွက် ပေါ်နေသကဲ့သို့ ယမ်းအင်အား
သုံးဖောက်ခွဲပစ္စည်းများ တစ်စုံ တစ်ရာမပါဝင်ဘဲ ခိုင်လုံသော
သတင်းရရှိမှုကြောင့်သာ သက် သေများနှင့်အတူ သွားရောက် ကာ
စစ်ဆေးသိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရန်ကုန်တိုင်းမ်နေ့
စဉ်သတင်းစာသို့ ပြောသည်။
''မိတ္ထီလာဖြစ်စဉ် ဖြစ်နေ တုန်းက
အဲဒီဂယက်က မန္တလေး ဘက်ကိုကူးစက်လာရင် ခုခံကာ ကွယ်ဖို့အတွက်ဆိုပြီး သူတို့က
ဒီလက်နက်တွေကိုပြုလုပ်ခဲ့တာ လို့ ထွက်ဆိုထားပါတယ်။ ကျွန် တော်တို့
ရဲတပ်ဖွဲ့အနေနဲ့ကတော့ လက်နက်တွေ တရားမဝင်ရှိနေ တယ်လို့
ခိုင်လုံတဲ့သတင်းရတယ် ဆိုရင် ဘယ်ဘာသာရယ်လို့တော့ မခွဲခြားဘဲ
မှုခင်းကြိုတင်ကာကွယ် ရေးအဖြစ် သွားရောက်ရှာဖွေဖမ်း
ဆီးသွားမှာဖြစ်ပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။
လက်နက်ပစ္စည်းများ
ဖမ်း ဆီးရမိမှုဖြစ်စဉ်မှာ နိုဝင်ဘာ၂၀ ရက် ည၁၂နာရီခွဲတွင် ချမ်းအေး
သာဇံမြို့နယ် ချမ်းအေးသာဇံအ လယ်ရပ်ကွက် ၂ရလမ်းနှင့် ၂၈ လမ်းကြား
၈၃လမ်းနှင့် ၈၄လမ်း ကြား ကြယ်တိုက်ဝင်းအတွင်းရှိ မြောက်ဘက် တိုက်တန်း၊ ပထမ
ထပ်နေ ဆန်းဝင်း(ခ)ဆိုင်ယဒ် အလီ ၃ရနှစ် မူဆလင် ဈေး ရောင်း၏နေအိမ်အား
မြို့နယ် ရဲမှူးအုန်းခင် ဦးဆောင်သည့်အ ဖွဲ့က သတင်းအရသက်သေများ နှင့်အတူ
ဝင်ရောက်ရှာဖွေရာတွင် နေအိမ်တိုက်ခန်း ရှေ့ရှိ ဂိုဒေါင် အတွင်းမှ
အရိုးအသွား ၅ပေ၆ လက်မရှိ သံပိုက်လုံးရိုးတပ်လျက် နှစ်ခွချွန်
ခက်ရင်းခွရှစ်ချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့် ရှိ ဝါးရိုးတပ်လျက်နှစ်ခွ
ချွန်ခက် ရင်းခွလေးချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့်ရှိ သစ်သားရိုး တပ်လျက်
အသွားချွန် လှံတစ် ချောင်း၊ အရိုးအသွား ၃ပေ ၄ လက်မခန့်ရှိ ကြေးနှင့်သစ်သား
ရောထားသည့် လက်ကိုင်ရိုးတပ် အနက်ရောင်သစ်သားဓားအိမ်ပါ
ဓားဦးချွန်တစ်ချောင်း၊ အရိုးအ သွားနှစ်ပေခန့်ရှိ ဝါးလက်ကိုင် ရိုးတပ်
ဓားဦးတုံး သုံးချောင်း၊ ဓား ဦးချွန်တစ်ချောင်း၊ အရိုးအသွား တစ်ပေခွဲခန့်ရှိ
ဝါးလက်ကိုင်ရိုး တပ်ဓားဦးချွန်နှစ်ချောင်း၊ ပုလင်း ကွဲများနှင့်
သံစများရောထားပြီး ဓာတ်ဆီစိမ်ထားသည့် နှစ်ပြည် ခန့်အားထည့်ထားသည့် ပီနံအိတ်
တစ်လုံးနှင့် အစိမ်းရောင် ကော်ဇ လုံတစ်လုံး၊ ပုလင်းကွဲများနှင့်သံစ များ
ရောထောင်းရာတွင်အသုံး ပြုသော သံဖြင့်ပြုလုပ်ထားသည့် ငရုတ်ဆုံတစ်ခုတို့ကို
တရားမဝင် လက်ဝယ်ထားရှိကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဆန်းဝင်း(ခ)ဆိုင်
ယဒ်အလီကို ချမ်းအေး သာဇံမြို့မ ရဲစခန်းတွင် (ပ)၄၉၂/၂၀၁၃၊ လက်
နက်ပုဒ်မ-၁၉(က)အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။
အလားတူပင်
စစ်ဆေးရေး အဖွဲ့များသည် အဆိုပါဝင်းအတွင်း ရှိ တိုက်ခန်း၁၂နေ သိန်းတန်(ခ)
ရှရီ ၂၉နှစ် မူဆလင် ကုန်မာ ပစ္စည်းအရောင်းဆိုင်၏ နေအိမ် ကို
ဆက်လက်ရှာဖွေရာတွင် ဓား ဦးတုံးသုံးချောင်း၊ ၅လက်မခွဲ ခန့်ရှိ သံချောင်း
များအား ပြား၍ ဂျင်ကလိပုံစံပြုလုပ်ရန် ပြင်ဆင် ထားသည့် ထိပ်ပြားချွန်၍ချိတ်
များပါဝင်သော သံချောင်း၆၀၀ ခန့်အားထည့်ထားသည့် ပီနံအိတ်
တို့ကိုတွေ့ရှိရသဖြင့် ၎င်းကိုလည်း ချမ်းအေးသာဇံ မြို့မရဲစခန်းတွင် (ပ)
၄၉၃/၂၀၁၃ လက်နက် ပုဒ်မ ၁၉(က)အရ အမှုဖွင့်ဖမ်းဆီးအ ရေးယူထားကြောင်း သိရသည်။
ခွန်စိုင်းအောင်
Yangon Media Group
Saturday, November 23, 2013
မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို လက်ဝယ်ထားရှိ သူများအား အမှုဖွင့် အရေးယူ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...