<div style='background-color: none transparent;'></div>

Sunday, November 17, 2013

လွမ်းနေမိသူ

ချစ်သူ
ငါ့ရဲ့မနက်ခင်းမှာ နင်မရှိဘူးဆိုရင်လေ
အိပ်မက်ဆိုးပဲ ဆက်မက်နေပါရစေတော့
နင်မရှိတဲ့မနက်ခင်း ငါ မနိုးထချင်ဘူး

ချစ်သူ
ချစ်ခဲ့ပြီးလို့လွမ်းရတာ မဆန်းပေမယ့်
တရားဝင်အလွမ်းက ပိုခံစားရတယ်

ချစ်သူ
တီတီတာတာပလီပလာနဲ့ ငါမပြောတက်ဘူး
တခါတခါင့ါအချစ်က ဥပေကာဆန်ချင်နေပေမယ့်
အချိန်နဲ့အမျှငါ့ရင်ထဲမှာ ရေရွတ်နေမိတာ
နင့်ရဲ့ နာမည်ကိုပါ

ချစ်သူ
နှစ်နှစ်ကာကာချစ်ခဲ့ကြပြီးမှ
မာနလေးတွေ မလျှော့နိုင်တော့
ခု လွမ်းစရာတွေ ဖြစ်ခဲ့ရပြီပေါ့

ဟိုသီချင်းလေးလိုပဲ ပြောလိုက်ပါရစေ
ရောက်ရာအရပ်ကနေ
'' မင်းလွမ်းတက်လို့ လွမ်းရင်ပြန်ခဲ့ပါ '' လို့
အရမ်းလွမ်းနေမိတယ် ချစ်သူရယ်

* ဒေါနသူ *

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...