<div style='background-color: none transparent;'></div>

Sunday, November 17, 2013

ဘယ်လိုနေပေးရမလဲ

ချစ်တဲ့သူရေ ....

ငါတို့ဝေးဖို့ မဖြစ်နိုင်သေးရင်
နင် ငါ့ကိုမခွဲနိုင်သေးရင်
သံသယတွေနဲ့ ငါ့ကိုနာနာကျင်ကျင် မပြောပါနဲ့လား

ငါ့အချစ်ကိုမယုံရင် ငါနင့်ကိုချစ်လားလို့ မမေးပါနဲ့လား
ငါ တကယ်ကို ချစ်ပါတယ်လို့ လေးလေးနက်နက်ဖြေလိုက်ပေမယ့်
နင် အယုံကြည်မရှိတဲ့ခါ ငါ ဝမ်းနည်းရလွန်းပါ

နင်ရင်ခုန်အောင် ယုံတမ်းစကားတွေနဲံ့
ငါ ပုံပြင်မဆင်တက်ဘူး ချစ်သူ
ရင်မှာဖြစ်နေတဲ့ အတိုင်း နင့်ကိုချစ်တယ်လို့
နေ့တိုင်းပြောတာကို နင်ဘာလို့ မယုံချင်တော့တာလဲ ချစ်သူ

ငါ့အချစ်က နင့်အတွက်ပျော်ရွှင်မှုမပေးနိုင်တော့ဘူးဆိုရင်
ငါထွက်သွားပေးပါမယ်ဆိုလည်း နင်သေလိမ့်မယ်တဲ့
ငါ နေခဲ့မယ်ဆိုတော့လည်း နင့်ကို မချစ်လို့တဲ့
ငါ ဘယ်လိုနေပေးရမှာလဲ ချစ်သူရယ်

* ဒေါနသူ *
by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...