သောကြာနေ့အစောပိုင်းက ဖီလစ်ပိုင်ငံ အလယ်ပိုင်းကိုတိုက်ခတ်ခဲ့တဲ့
အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကြောင့်မလေးရှားနိုင်ငံတွင်းက
သင်္ဘောတွေ ကိုအဂါင်္နေ့အထိကုန်းတွင်းပိုင်းမှာပဲနေဖို့
သတင်းထုတ်ပြန် ထားကြောင်းသိရပါတယ်။ မလေးရှား မိုးလေ၀သဋ္ဌာန က တော့
အားပြင်းမုန်တိုင်း ဟိုင်ယန်ကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ ဖယ်ရီလုပ်ငန်း
တို့အပါအ၀င်သင်္ဘောနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုများစွာထိခိုက်နိုင်ကြောင်းပြောကြားပါတယ်။
သဘောင်္တွေဟာမြောက်ပိုင်းကဖယ်ချန်စီးပွားရေးစီးပွားရေးဇုန်ရေပိုင်နက်ထဲကို အခုလောလောဆယ်သွားမယ်ဆိုပါက အန္တရာယ်ကြီးကြောင်းနဲ့ မုန်တိုင်း ဟိုင်ယန်ဟာ အနာက်ဘက်ပိုင်းကိုဦးတည်သွာနိုင်ကြောင်းသိရပါတယ်။
ဆာဘာ့အနောက်ဘက်ကမ်းရိုးတန်းနဲ့ Kudat,Sandakan,Labuan ခရိုင်တွေရဲ့ပင်လယ်ပြင်ရေပိုင်နက်မှာတော့ (၄.၅)မီတာ အမြင့်ရှိတဲ့ လှိုင်းတွေဖြစ်ပေါ်နိုင်ပြီး တစ်နာရီကိုမိုင် (၄၀)ကနေ မိုင်(၅၀)အထိတိုက်ခတ်နိုင် ကြောင်းသိရ ပါတယ်။
မုန်တိုင်းအဆင့်ကိုဒုတိယအဆင့်ကနေ ပထမအဆင့် အဖြစ်သတ်မှတ်ခဲ့ပြီး ကုန်းတွင်းပိုင်းမှာမုန်တိုင်းအရှိန်လျော့နိုင်ကြောင်းသိရပါတယ်။
Mrtv-4

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...