<div style='background-color: none transparent;'></div>

Thursday, November 28, 2013

" ဆိပ်ဖူးတောင် ဆရာတော်၏ ဒဿန "

အကောင်းဆုံးနေ့ ယနေ့။

အသိဆုံးပုဂ္ဂိုလ် မြတ်စွာဘုရား။

အကောင်းဆုံးလက်နက် မေတ္တာ။

အသာဆုံးစွမ်းအား ခန္တီ။

အကြီးဆုံးအဟန့်တရား အကြောက်တရား။

အလွယ်ဆုံးအလုပ် တစ်ဖက်သားကို အပြစ် ရှာခြင်း။

အသုံးမကျဆုံးပိုင် ဆိုင် မှု မာန။

အကြီးဆုံးပိတ်ဆို့မှု အတ္တ။

အကြီးဆုံးအမှား လက်လျှော့အရှုံးပေးခြင်း။

စိတ်ချမ်းသာစရာ အကောင်းဆုံး အလုပ်တစ်ခုကို
အကောင်းဆုံး လုပ်ပြီးအချိန်။

အဆိုးဆုံး ဆင်းရဲမှု စိတ်မပါ လက်မပါဖြစ်ခြင်း။

အမြဲအလိုအပ်ဆုံးအရာ သတိ။

အညံ့ဖျင်းဆုံး စိတ်ထား သူတစ်ပါး ကောင်းစားတာကို မနာလိုဖြစ်ခြင်း။

အကောင်းဆုံးလက်ဆောင် ခွင့်လွှတ်ခြင်း။

အကောင်းဆုံးအချိန် လက် ရှိ အချိန်။

အကောင်းဆုံး အရသာ တရားအရသာ။

လေးအိမ်စု အရှင် ဝိစိတ္တသာရ ၏
"စကားလက်ဆောင် တရားလက်ဆောင်"

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...