<div style='background-color: none transparent;'></div>

Thursday, November 28, 2013

အကယ်ဒမီဆု အတွက် ဆန်ကာ တင် ရုပ်ရှင် ကားကြီး ၇ ကား ရွေးချယ် လိုက်ပြီ ဖြစ်

အခု လာမယ့် အကယ်ဒမီ ဆုပေး ပွဲမှာ အကယ်ဒမီ ဆု အတွက် ဆန်ကာတင် ရုပ်ရှင် ကားကြီး ၇ ကား ကို ရွေးချယ် လိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ တာဝန်ရှိ သူရဲ့ ပြောကြား ချက် အရ သိရပါတယ်။ ဒီနှစ်မှာ ကျင်းပ မယ့် အကယ်ဒမီ ဆုပေးပွဲ ကိုတော့ သုဝဏ္ဏ အားကစား ကွင်း ရုံ ၁ မှာ ကျင်းပ သွားမှာ ဖြစ်ပါ တယ်။ အဆိုပါ အကယ်ဒမီ ပေးပွဲ ကို ယခင်က နေပြည်တော် မှာ ၃ နှစ်တာ ကာလအထိ ကျင်းပခဲ့ပြီး ရန်ကုန်မှာ ပြန်လည် ကျင်းပမှု ဟာ အခုအခါ မှာတော့ ၂ နှစ်ရှိပြီ ဖြစ်တယ် လို့ သိရပါတယ်။

အခု ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲ အတွက် ဆန်ကာတင် ရုပ်ရှင် ဇာတ်ကား တွေကတော့ “လက်ပံ”၊ “မော်ကင်း ဥဒါန်း”၊ “ဥ”၊ “ကယန်း အလှ”၊ “တိမ်မင်းသမီး ဒဏ္ဍာရီ”၊ “အမုန်း မီးတောက်”နဲ့ “အမွေခံ ထိုက်စေ” ဆိုတဲ့ ရုပ်ရှင် ဇာတ် ကားတွေ ဖြစ်တယ် လို့ သိရ ပါတယ်။ ဒါ့အပြင် အခု လက်ရှိ မြန်မာ ရုပ်ရှင် လောက မှာ ရုပ်ရှင် လုပ်ငန်း နဲ့ ပတ်သက်ပြီး ဗီဒီယို နဲ့ ရုပ်ရှင် တွေရဲ့ ဈေးကွက် ဟာ ပျက်စီးမှု တွေ ရှိနေပြီး နောက်ပိုင်း မှာလည်း ထပ်ပြီး ယခုလို မဖြစ် ပေါ် စေဖို့နဲ့ ရုပ်ရှင် ဇာတ်ကားများ ကို ဖလင်နဲ့ ရိုက်ကူး မှုမှ ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲ ဆောင်ရွက် နိုင် ဖို့အတွက် လုပ်ဆောင်မှု တွေကို ပြုလုပ်လျက် ရှိတယ် လို့ သိရ ပါတယ်။

MRTV-4

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...