မြန်မာတစ်နိုင်ငံလုံးရှိ အဝေးသင် တက္ကသိုလ်များတွင် လာမည့် ၂၀၁၄-၂၀၁၅
ပညာသင်နှစ်မှ စတင်၍ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် ဖြေဆိုရသော စာစဉ်များကို
ဘာသာရပ်အလိုက် မေးခွန်းနှစ်ဆ တိုးသွားမည် ဖြစ်ကြောင်း မန္တလေး
အဝေးသင်တက္ကသိုလ် မော်ကွန်းထိန်း ဦးရွှေလတ်ဇင်က The Voice သို့ ပြောကြားသည်။
အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ဘာသာရပ်များကို
ပိုမို လေ့လာစေရန်အတွက် ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် စာစဉ်များကို
ဘာသာရပ်အလိုက် နှစ်ဆ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်မံ
ပြောကြားသည်။
“စာစဉ်တွေကို ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် ဆိုပြီး ရေးရတယ်။
ပထမနှစ်ဝက်ကို နှစ်ပုဒ်၊ ဒုတိယနှစ်ဝက် နှစ်ပုဒ်ဆိုပြီး တင်ရတယ်။ စုစုပေါင်း
လေးပုဒ်လေ။ ဘာသာရပ် အလိုက်ပေါ့။ အခုကျတော့ အဲဒီလေးပုဒ်ကို ရှစ်ပုဒ်
ဖြစ်သွားမယ်။ စာမေးပွဲမှာ အဲဒီလေးပုဒ်ထဲကနေ နှစ်ပုဒ်လောက်ကတော့
သေချာပေါက်ပါတယ်” ဟု မန္တလေး အဝေးသင်တက္ကသိုလ် ပါမောက္ခတစ်ဦးက ရှင်းပြသည်။
ပထမနှစ်ဝက် စာစဉ်ကို နှစ်စဉ် ဧပြီလနှင့် ဒုတိယနှစ်ဝက် စာစဉ်ကို
သြဂုတ်လတို့တွင် ဖြေဆိုရလေ့ ရှိကြောင်း အဝေးသင် တက္ကသိုလ်
ကျောင်းသားများထံမှ သိရသည်။
“စာစဉ်တွေကို ရေးပေးတဲ့ သူတွေဆီ
အပ်လိုက်တာပဲ။ ကိုယ်တိုင် မရေးဘူး။ ဖြေပေးခ ငါးထောင်ပေးရတယ်” ဟု မန္တလေး
အဝေးသင် တက္ကသိုလ် ဥပဒေပညာ ပထမနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဘာသာရပ်အလိုက် အဝေးသင် တက္ကသိုလ်
စာမေးပွဲများကို အောက်တိုဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့ထိ
သတ်မှတ်ထားပြီး သိပ္ပံတွဲ (ပထမအသုတ်) ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့၊
ဝိဇ္ဇာတွဲ (ဒုတိယအသုတ်) ကို အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၁
ရက်နေ့အထိ၊ ဝိဇ္ဇာတွဲ (တတိယအသုတ်) ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ
ဖြေဆို သွားရမည် ဖြစ်ကြောင်း မန္တလေး အဝေးသင် တက္ကသိုလ် ရတနာပုံ ဌာနခွဲထံမှ
စုံစမ်းသိရှိရသည်။
by the voice weekly
Wednesday, November 13, 2013
အဝေးသင် တက္ကသိုလ်များ စာစဉ်မေးခွန်း နှစ်ဆတိုးမည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...