ပဲခူးမြို့နယ်၊ ဇောင်းတူ ရဲစခန်းအပိုင်၊ ဇီးတောကျေးရွာအုပ်စု၊ သဲဖြူရွာတွင်
(၁၇.၁၁.၂၀၁၃)နေ့ နေ့လည်(၂း၀၀)အချိန်တွင် ကြိုးဆွဲချသေဆုံးမှု
တစ်ခုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ဇောင်တူးရဲစခန်းမှ စခန်းမှူးရဲအုပ်
ဝင်းနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ
ဌေးလွင်(၄၀)နှစ်၊ (ဘ)ဦးအောင်သန်း၊ ဗမာ/ဗုဒ္ဂ၊ လယ်လုပ်၊ သဲဖြူကျေးရွာနေသူသည်
၎င်း၏ဖခင် ဦးအောင်သန်း၏ ခြေတံရှည်တဲအတွင်းရှိ အမြင့်(၈)ပေခွဲခန့်ရှိ
သစ်သားထုတ်တန်းတွင်
တစ်မတ်လုံးခန့်၊ပလပ်စတစ်နိုင်လွန်ကြိုး၊အရှည်(၉)ပေ(၇)လက်မခန့်ရှိ ကြိုးအား
ထုတ်တန်းပေါ်ကျော်ကာ နှစ်ခေါက်ခေါက်၍ လည်ပင်းတွင် ကွင်းလျှောချီလျှက်
မြေကြီးနှင့်(၆)လက်မခန့်အကွာတွင် လည်ပင်းယာဘက်စောင်းပြီး
နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျ၊ ပါးစပ်ဟမျက်စိမှိတ်လျှာ
ထွက်လက်သီးဆုပ်ပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်
ဇောင်းတူတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးလျှက်ရှိပြီး ဇောင်းတူရဲစခန်းမှ
သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၃အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
by Thit Htoo Lwin
Monday, November 18, 2013
ဇောင်းတူ ရဲစခန်းအပိုင်တွင် ကြိုးဆွဲချ သေဆုံးမှု တစ်ခုဖြစ်ပွား
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...