မန္တလေးတိုင်း ဒေသကြီးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှု
နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ
သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်က အမရပူရမြို့နယ်၊ ပြာသာဒ်ကြီးရပ်၊ မင်းလမ်းရှိ အိမ်ရှင်ဒေါ်ငယ်၏ ထရံကာသွပ်မိုး နှစ်ထပ်အိမ်မှ ရေခဲသေတ္တာ ဆေ့ဂတ် အပူလွန်ကဲ ရာမှတဆင့် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ အုပ်ချုပ်ရေးယာဉ် တစ်စီး၊ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၅ စီး၊ သန္ဓေအင်အား ၃၅ ဦး၊ အရန်အင်အား ၈၅ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြပြီး ၁၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား အမရပူရ မြို့မရဲစခန်းမှ (ပ)၄၆၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ၇၈ လမ်းနှင့် စစ်ကိုင်း-မန္တလေး လမ်းခွဲအနီးတွင် မွန်းလွဲ ၁ နာရီ ၀၅ မိနစ်က လိုက်အေ့စ်အမျိုးအစား ယာဉ်တစ်စီးသည် ဘထ္ထရီ ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ကားကူရှင်များသာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅ မိနစ် အချိန်က စတင်လောင်ကျွမ်းခဲ့ကာ ၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်ရာသို့ မီးသတ်ယာဉ် ငါးစီး၊ သန္ဓေအင်အား ငါးဦး၊ အရန်အင်အား ၂၀ ဦးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်းမှ (ပ) ၅၅၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
by weeklyeleven
အမရပူရမြို့နယ် ပြာသာဒ်ကြီးရပ် မင်းလမ်းရှိ နေအိမ်၌ မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေစဉ်

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...