မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာအုပ်စုပိုင် အမှတ်(၂)
စက်မှုဝန်းကြီးဌာန စိုက်ကွက်(၂)ရာဘာခြံဝင်း အတွင်းရှိ
မော်လမြိုင်---သံဖြူဇရပ်ကားလမ်း မိုင်တိုင် ၃၇/၄နှင့် ၃၇/၅ အကြား
ရောင်းချနေသည့် လောင်စာစက်သုံး ဆီဆိုင်သည် ၂၀၁၃ နိုဝင်ဘာ၂၄ ၁၅:၁၀အချိန်
ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း Myanmar
News Now မှ သတင်းရရှိပါသည်။
အဆိုပါ လောင်းကျွမ်းမှုကြောင့်
ဓါတ်ဆီဆိုင်နှင့် အနီး လူနေ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ နေအိမ် တစ်လုံး
မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်း ၊ မီးလောင်းမှု ဖြစ်ပွား ရာသို့
သံဖြူဇရပ်မြို့ မီးတပ်ဦးစီးမူး နှင့်အတူ မီတပ်ယာဉ်(၁၁)စီး၊
ရေသယ်ယဉ်(၃)စီး မီးတပ်တပ်ဖွဲ့ဝင်နှင့် ပြည်သူများ ငြိမ်းသတ် ခဲ့ရာ ၁၅:၅၀
အချိန် မီးညွှန့်ကျိုးသွားပြီး ၁၆:၁၀ အချိန် မီးလုံးငြိမ်းသွားခဲ့ကြောင်း
သိရပါသည်။
အခင်းဖြစ်ရာ အရပ်သို့ သံဖြူဇရပ်မြို့ တပ်နယ်မူး
ဗိုလ်မူးချူပ်တောက်ထွန်း နှင့် တာဝန် ရှိသူများကြီးကြပ် ခဲ့ကြောင်း
ဤဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆ သုံးစွဲသူ လောင်စာ ဆီဆိုင် ပိုင်ရှင်
ဒေါ်ခင်မင်းမင်းဦး အဘ (ဦးသက်ဝေအောင်) ဥပဒေ အရ အရေးယူ ဆောင်ရွှက်လျက်
ရှိကြောင်း ၊မီးလောင်ဆုံးရှုံးမှု တန်ဘိုးမှာ သိန်း(၅၀) ၀န်ကျင်ခန့်
ရှိကြောင်း THANBYUZAYAT WATCH မှ သတင်း ပေးပို့ ချက် အရသိရပါသည်။
by Thit Htoo Lwin












0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...