၂၀၁၃ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၂၀း၀၀ အချိန်ခန့်တွင် မွန်ပြည်နယ်
သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ်တွင်
အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင် - ရေး ခရီးသည်တင်
ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း Myanmar News Now မှ
သတင်းရရှိပါသည်။
အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း
grad 8(B) တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော
မမိုးမိုးသက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း
ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ
အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့
အောင်မင်္ဂလာအဝေပြေးကွင်းမှ ရွှေပြည်စိုး ခရီးသည်တင် မှန်လုံယာဉ်မှ
မော်လမြိုင်သို့ ၄င်း၊ မော်လမြိုင်မှ ရာဇာမင်းကား ဖြင့်
သံဖြူဇရပ်မြို့သို့ ၄င်း ၊ ချော့ယူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း
ပြောပြပါသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သူအား လက်ရဖမ်းဆီးရမိရေး
သံဖြူဇရပ်မြို့ မြို့မ စခန်းမူး ဒုရဲမူးစိုအောင်နှင့် တပ်ဖွဲ့ဝင်များ
အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရှိရပြီး ခလေး၏ အကြီးတော်စပ်သူ
ဒေါ်သန်းသန်းဇော် အား လည်း ဆက်သွယ်၍ မေးမြန်းရာ ခလေးပျောက်ဆုံမှုနှင့်
ပတ်သက်၍ နယ်မြေ ရဲကင်းထံ သတင်းပို့ တိုင်းကြားထားကြောင်း THANBYUZAYAT
WATCH မှ သတင်းပေးပို့ ချက်အရ သိရပါသည်။
![]() |
| လွတ်မြောက်လာသည့် ခလေးမ မမိုးမိုးသက်ဇော် |
by Thit Htoo Lwin











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...