မန္တလေးတိုင်းအတွင်းရှိ စက်ရုံ အလုပ်ရုံများ ကုမ္ပဏီများ
ဌာနဆိုင်ရာများနှင့် အသေးစားလုပ်ငန်းများမှ ၀န် ထမ်းများအား
နိုင်ငံတကာအဆင့်မီ စမတ်ကတ်များ ထုတ်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးမှုများအား
ဆောင် ရွက်နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဦးစီးဌာနမှ
လက်ထောက်မန်နေဂျာ ဒေါ်နှင်း နှင်းဦးက မဇ္ဈိမကို ပြောသည်။
ကွင်းဆင်းဆောင်ရွက်နေသည်မှာ အောက်တိုဘာ ၁၇ ရက်ကတည်းကဖြစ်ပြီး ပုံစံဖြည့်
လက်ဗွေနှိပ် ဓာတ် ပုံရိုက်တွေပါ တစ်ခါတည်း ဆောင်ရွက်ပေးခြင်းဖြစ်သည်။
လတ်တလောအခြေအနေတွင် မန္တလေး စည်ပင်သာယာရေးကော်မတီ လက်အောက် ၁၄ ဌာနကို
စမတ်ကတ်ရအောင် ဆောင်ရွက်ပေးပြီးဖြစ်ကာ အခြားဌာနဆိုင်ရာများကိုလည်း
ဆောင်ရွက်နေသည်ဟု လက်ထောက်မန်နေဂျာ ဒေါ်နှင်းနှင်းဦးက ပြောသည်။
စမတ်ကတ်များအား လူမှုဖူလုံရေး၌ အာမခံထားရှိသော ၀န်ထမ်းများကိုသာ
ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှ
ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများလည်း လူမှုဖူလုံရေး အသင်းဝင်၍ စမတ်ကတ်များ
လုပ်ဆောင်နိုင်သည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အခက်အခဲများ မရှိစေ ရန်
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီ
by mizzima
Wednesday, November 6, 2013
ဝန်ထမ်းများကို စမတ်ကတ်များ ထုတ်ပေးရန် စီစဉ်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...