ရခိုင်ပြည်နယ်မှထွက်ခွာသွားသော ဘင်္ဂါလီ ၇၀ ဦးပါဝင်သည့် စက်လှေတစ်စင်း
ဘင်္ဂလားပင်လယ်အော် အတွင်းတွင် တိမ်းမှောက်ရာ ၆၀ ဦးကျော် ပျောက်ဆုံးပြီး
ရှစ်ဦး ပြန်လည်တွေ့ရှိသည်ဆိုသည့် သတင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က
အတည်ပြုနိုင်ခြင်းမရှိသေးကြောင်
နိုဝင်ဘာ ၃ ရက်က AP သတင်းဌာနအပါအ၀င် နိုင်ငံခြားသတင်းဌာနအချို့တွင် ဘင်္ဂါလီ
၇၀ ဦး စီးနင်း လိုက်ပါသွားသော စက်လှေသည် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး
ဘင်္ဂါလီ ရှစ်ဦးကို ရခိုင်ကမ်းရိုးတမ်းတွင် ပြန်လည်တွေ့ရှိကာ ကျန် ၆၀
ဦးကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဖော်ပြထားသော်လည်း အဆို ပါသတင်းအပေါ်
အတည်ပြုနိုင်ခြင်းမရှိသေးကြောင်
“ဒုက္ခသည်စခန်းတွေကို ကျွန်တော်တို့ သွားရောက် စစ်ဆေးတဲ့အခါ ဘင်္ဂါလီဒုက္ခသည်
ပျောက်ရှမှု မရှိပါဘူး။ မောင်တောဒေသကလည်း ဘင်္ဂါလီတွေ စက်လှေနဲ့ ထွက်ခွာတဲ့
သတင်းဖြစ်စဉ်မရှိကြောင်း သိရပါ တယ်။ မောင်တော-စစ်တွေ
ပင်လယ်ကမ်းရိုးတန်းမှာလည်း အလောင်းတွေဘာတွေ မတွေ့ရှိရသေးပါ ဘူး။ ဒါကြောင့်
အဲဒီသတင်းကို အတည်မပြုနိုင်သေးပါဘူး”ဟု ဦးလှသိန်းက ပြောသည်။
ယင်းသို့ဖြေကြားခြင်းမှာ ရခိုင်ကမ်းရိုးတန်းတွင် စစ်ဆေးနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ်လုံခြုံရေးဝန်ကြီး
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေမြို့မှ ဦးသန်းထွန်းက “ဒေသဘက်မှာတော့
သတင်းမထွက်ဘူး။ အွန်လိုင်းမှာတော့ တွေ့ရတယ်။ မဖြစ်နိုင်ဘူးထင်တယ်။
တကယ်လို့ ဖြစ်ခဲ့ရင်လည်း အခြားနိုင်ငံတွေက ဒီဘက်ကို ခိုးဝင်လာရင်းဖြစ်တာပဲ
ဖြစ်မယ်။ ဒီဘက်က ခိုးထွက်တာတော့မဖြစ်နိုင်ဘူး”ဟု
ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်ကစတင်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်
ဘင်္ဂါလီဒုက္ခသည် ၈၀၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိသည်ဟု
အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်၊
ပေါက်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊အမ်းမြို့နယ်၊
မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များတွင် ဒုက္ခသည်စခန်းများရှိပြီး
ယင်းဒုက္ခသည်များ နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNH- CR)တို့ ပူးပေါင်းကာ
အိမ်ထောင်စု ၁၀ စုခန့် နေထိုင်နိုင်သော တန်းလျား ၁၅၀၀ ကျော်နှင့်
လုံးချင်းအိမ် ၅၀၀ နီးပါးခန့် ဆောက်လုပ်ကာ နှစ်ဖက်အဖွဲ့အစည်းမှ
ဒုက္ခသည်များကို ထားရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မဇ္ဈိမသို့
ပြောသည်။
by mizzima
Wednesday, November 6, 2013
ဘင်္ဂါလီ ၇၀ ဦးပါဝင်သည့် စက်လှေတိမ်းမှောက်မှု ရခိုင်ပြည်နယ်အစိုးရ အတည်မပြု
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...