<div style='background-color: none transparent;'></div>

Wednesday, November 13, 2013

တယ်ရီကို လက်ရွေးစင်အသင်းတွင် ပြန်တွေ့လိုကြောင်း ဂျာဂီလ်ကာဖွင့်ဟ

တယ်ရီသည် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့သော်လည်း အန်တန်ဖာဒီနန်ကို လူမျိုးရေး ခွဲခြားသည်ဟု အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ဆုံးဖြတ်ကာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည့်နောက် လက်ရွေးစင် အသင်းမှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

အင်္ဂလန် လက်ရွေးစင် အသင်းသို့ ဂျွန်တယ်ရီ တစ်ကျော့ပြန် ပါဝင်လာစေလိုကြောင်း ဖီးလ်ဂျာဂီလ်ကာက ပြောကြားလိုက်သည်။ တယ်ရီသည် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့သော်လည်း အန်တန်ဖာဒီနန်ကို လူမျိုးရေး ခွဲခြားသည်ဟု အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ဆုံးဖြတ်ကာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည့်နောက် လက်ရွေးစင် အသင်းမှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။ ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည့် (၂၀၁၂)ခုနှစ် ကတည်းက တယ်ရီအနေဖြင့် အင်္ဂလန် အသင်းအတွက် လုံးဝ မကစားပေးတော့ချေ။ သို့သော်လည်း အဲဗာတန် ခံစစ်မှူး ဂျာဂီလ်ကာက လက်ရှိ ချယ်လ်ဆီးနောက်တန်းတွင် ပုံစံကောင်း ရနေသည့် တယ်ရီကို လက်ရွေးစင်ဂျာစီ ပြန်ဝတ်စေလိုကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

တယ်ရီသည် မန်နေဂျာ ဟိုဆေး မော်ရင်ဟို လက်အောက်တွင် ချယ်လ်ဆီးကို အသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံး ဦးဆောင်ပေးနေသူ ဖြစ်သည်။ ဂျာဂီလ်ကာက "တယ်ရီ ဘာတွေ ခံစားရမယ် ဆိုတာက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူက လောလောဆယ် ချယ်လ်ဆီးမှာ ကောင်းကောင်း ကစားပြနေသူ ဖြစ်ပါတယ်။ ဘယ်အတွက် ဦးစားပေးမယ် ဆိုတာကတော့ တယ်ရီဆုံးဖြတ်ရမယ့် ကိစ္စပါ။ သူပြန်လာမယ် ဆိုရင်တော့ လက်ရွေးစင် အသင်းအတွက် ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

တယ်ရီ လက်ရွေးစင် အသင်းကို ကျောခိုင်းသွားပြီး ကတည်းက အင်္ဂလန် ခံစစ်တွင် ဂယ်ရီကာဟေးလ်နှင့် တွဲဖက်ကာ ဂျာဂီလ်ကာက ဦးစားပေး ခံစစ်သမား ဖြစ်လာသည်။ သို့သော်လည်း တယ်ရီပြန်ကစားလျှင် နေရာဆုံးရှုံးမည်ကို မစိုးရိမ်ဟုလည်း ၎င်းက ဆိုသည်။ "ကမ္ဘာ့ဖလားမှာ နေရာရဖို့ ဆိုတာက တစ်ရာသီလုံး ဖြတ်သန်းရဦးမှာပါ။ ဒီအတောအတွင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိလာမယ်ဆိုရင် အင်္ဂလန်အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု ဖြစ်လာမှာပါ"ဟုလည်း ဂျာဂီလ်ကာက ပြောဆိုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...