မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဇူလိုင် ၇ ရက်
ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုကို အိနိ္ဒယအမျိုးသား စုံစမ်းရေးအေဂျင်စီ (NIA)က
ဖော်ထုတ်လိုက်နိုင်ပြီဟု အိန္ဒိယတိုင်းမ်သတင်းစာတွင် နိုဝင်ဘာ ၆ ရက်က
ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ရန်ချီပြည်နယ်မှရရှိခဲ့သည့် မှတ်တမ်းတစ်ခုတွင် ပါရှိသော အထောက်အထား များအရ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး
၎င်းမှတ်တမ်းတွင် ဗုံးတစ်လုံးချင်းစီ ထားရှိသည့်နေရာနှင့်
ဗုံးထောင်ခဲ့သူများအကြောင်း အသေးစိတ် ရေးသားဖော်ပြထားသည်။
ဗုံး ၂၇
လုံးကို ရန်ချီရှိ တဲတစ်လုံးအတွင်းမှ တွေ့ရှိခဲ့သော NIA အနေဖြင့်
ဗုဒ္ဓဂယာပရ၀ုဏ်အတွင်း၌ ဗုံး ၁၃ လုံးအား ထောင်ခဲ့သူများဟု ယူဆရသည့်
အမည်စာရင်းများကိုလည်း အခန်းတစ်ခုတွင် တွေ့ရှိခဲ့ သည်။
ပေါက်ကွဲမှုများသည် အိန္ဒိယ မူဂျာဟစ်ဒင်၏ Tehsin Akhtar နှင့် Haidar Ali တို့မှ ပြုလုပ်ခဲ့သည်ဟု ၎င်း မှတ်တမ်းတွင် ဖော်ပြထားသည်။
အမည်စာရင်း၌ အောက်တိုဘာ ၂၇ ရက် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပတ်နာမြို့
ဗုံးဖောက်ခွဲမှုဖြင့် အဖမ်းခံ ထားရသည့် Imtiaz Ansari လည်း ပါဝင်သည်။
သို့သော် Imtiaz Ansari ကမူ ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု တွင်
မပါဝင်ကြောင်းနှင့် ယင်းပေါက်ကွဲမှုအား Tehsin က စီစဉ်ခဲ့သည်ဟု
ဝန်ခံပြောဆိုသည်။
သို့သော် ဗုဒ္ဓဂယာရှိ ထိုင်းဘုန်းကြီးကျောင်းအနီးမှ ဗုံးများအား Imtiaz Ansari က ထောင်ခဲ့ခြင်းဖြစ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
“Imtiaz အနေနဲ့ IM (အိန္ဒိယ မူဂျာဟစ်ဒင်) ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့
ကိစ္စတော်တော်များများ ကို ဖုံးကွယ်ထားတယ်ဆိုတာကို ဒီဟာ(မှတ်တမ်း) က
ဖော်ပြခဲ့ပါတယ်။ ဒီအထောက်အထားတွေကို ပြန် တွေ့ခဲ့ရတဲ့အတွက်
ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဟာ
အခုချိန်မှာ သက်သေ အထောက်အထားတွေ စုဆောင်းရေးနဲ့
တိမ်းရှောင်ထွက်ပြေးနေသူတွေကို ရှာဖွေရေးတွေ ပြုလုပ်နေပါ တယ်။
ကျွန်တော်တို့အနေနဲ့Ansari ကိုလည်း ထပ်မံ စစ်ဆေးသွားဦးမှာပါ”ဟု
စုံစမ်းစစ်ဆေးမှု အသေးစိတ်အကြောင်း သိရှိသူ ထိပ်တန်းအရာရှိတစ်ဦးက ဆိုသည်။
by mizzima
Thursday, November 7, 2013
မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဗုဒ္ဓဂယာဗုံးခွဲမှု တရားခံပေါ်ပြီ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...