လားရှိုးမြို့ရှိ နယ်မြေမှူးတစ်ဦးသည် ရေဘေးသင့်ပြည်သူများထံ
လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မထုတ်ပြန်ဟုဆိုကာ အရေးယူပေးရန်
ရပ်ကွက်နေ ပြည်သူ ၉၂ ဦးက လက်မှတ်ထိုး တိုင်ကြားထားကြောင်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူ
“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ရုံးကို ၉၂ ဦး လက်မှတ်ထိုးပြီး တိုင်ထားပါတယ်၊ နယ်မြေမှူးနဲ့ တိုင်
ကြားသူတွေကို ခေါ်စစ်ထားပါတယ်”ဟု ပြောသည်။ တိုင်ကြားသူပြည်သူများ
ကျေနပ်သည်အထိဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက နယ်မြေမှူးအသစ်
ပြန်လည် ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ဦး ညီညီအောင်က ပြောသည်။။
ဦးဆောင်တိုင်ကြားသူ ဦးတင့်လွင်က “ကျွန်တော်တို့နယ်မြေမှာ မနှစ်က
မိုးအားကြီးလို့ ရေဘေးဒုက္ခ ရောက်ရပါတယ်၊ အများပြည်သူလှူတဲ့
ငွေလက်ကျန်ရှင်းတမ်းကို ချပြဖို့ ကျွန်တော်တို့က နယ်မြေမှူးကို ပြောတော့
သူက ဘာမှ ရှင်းပြစရာမလိုဘူး၊ ငါက ရပ်ကွက်အတွက်လုပ်တာ မဟုတ်တာမလုပ်ဘူး၊ အ
ထက်က ငါ့ကိုခန့်ထားတာဆိုပြီး ပြောပါတယ်၊ တိုင်ချင်တဲ့နေရာတိုင်ဆိုလို့
အခုလို တိုင်ကြားတာပါ”ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍
ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း ဆောင်ရွက်ပေးမှု
မရှိသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသိ
သို့သော် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူ
ပြီးခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လက လားရှိုးမြို့တွင်
ရေကြီးရေလျှံဖြစ်ကာ မြို့ပေါ်ရပ်ကွက်များ ရေဘေး ဒုက္ခနှင့်
ကြုံခဲ့ရသောကြောင့် နယ်မြေအတွင်း ရေဘေးသင့် ထောက်ပံ့လှူဒါန်းငွေ ကျပ်
ဆယ့်နှစ်သိန်း ကိုးသောင်းကျော်ကို နယ်မြေမှူးမှ လက်ခံယူပြီး
လက်ကျန်ငွေစာရင်း ခြောက်သိန်းသုံးသောင်းကျော် စာရင်းကျန်နေခြင်းဖြစ်သည်ဟု
ဒေသခံတို့က ပြောသည်။
သမ္မတဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက်
မိန့်ခွန်းတစ်ခုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအ၀င်
အုပ်ချုပ်ရေးမှူးအားလုံးကို အဂတိကင်းရှင်းရန်နှင့် အာဏာမပြရန်
ပြောဆိုခဲ့သည်။
by mizzima
Thursday, November 7, 2013
လားရှိုးမြို့ နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...