<div style='background-color: none transparent;'></div>

Friday, November 15, 2013

အချက်အလက်များထက် အသံအသုံးပြု၍ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်တွင် စတင်မည်

မိုဘိုင်းလ်ဖုန်းကုမ္ပဏီများသည် ၂၀၁၈ ခုနှစ်အရောက်တွင် အချက်အလက်များထက် အသံကိုအသုံးပြု၍ ၀န်ဆောင်မှုပေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း စက်မှုလုပ်ငန်းအဖွဲ့ GSMA ၏ ပြော ကြားချက်အရ သိရသည်။

ဖုန်းနှင့်ချိတ်ဆက်ပြီး စက်အချင်းချင်း ဆက်သွယ်မှုစနစ်ကို ပြုလုပ်၍ အသံဖြင့် ၀န်ဆောင်မှုပေးသွားမည် ဖြစ်ပြီး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းသည် လူနေမှုဘ၀ပုံစံကို ပြောင်းလဲစေ သည့် နည်းလမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖရိကတွင် မိုဘိုင်းလ်ဖုန်းအသုံးပြု၍ ပြုလုပ်သော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ပြည်သူ တစ်သန်း၏ အသက်များ ကယ်တင်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘာစီလိုနာမြို့၌ပြုလုပ်သော GSMA အဖွဲ့၏ နှစ်ပတ်လည် နည်းပညာဆွေးနွေးပွဲ၌ ငါးနှစ်ကြာတွင် အ ကောင်အထည်ဖော် ဆောင်ရွက်ရန် မျှော်မှန်းထားသော ယင်း အသံဖြင့်ဝန်ဆောင်မှုကို ထုတ်ဖော် ပြော ကြားခဲ့ခြင်းဖြစ်သည်။

ငှက်ဖျားရောဂါ၊ တီဘီနှင့် အိတ်ခ်ျအိုင်ဗီ (HIV) ရောဂါကဲ့သို့သော ရောဂါများကို တိုက်ဖျက်ရာတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှုကို အသုံးပြု၍ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက် ကိုးကား၍ ဒေးလီးမေးလ်သတင်းစာက ဖော်ပြထားကြောင်း သိရသည်။
Ref : Daily Mail

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...