ကျွန်တော့် ဦးလေးတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ပါ...။
ကျွန်တော့်ဦးလေးခုနှစ်ယောက်ရှိတယ်ဗျ..။
အဲ့ဒီဦးလေးတွေထဲမှာ ဦးဝင်းဆိုတဲ့ ဦးလေးကတော့ဘယ်သူနဲ့မှမတည်ဘူး
ညီအကိုတွေထဲမှာတောင် ဦးအောင်ဆိုတဲ့ ဦးလေးတစ်ယောက်နဲ့ပဲတည့်တယ်..။ ဦးဝင်း
ကင်ဆာကျိတ်ပေါက်လို့ ဆေးရုံမှာအလူးအလဲခံနေရတဲ့အချိန်မှာ ကျန်တဲ့အမျိုးတွေဟာလည်းအပါရိကလောက်ပဲ လာကြည့်ကြပါတယ်...။ဥိးအောင် တစ်ယောက်သာ ဦးဝင်းရဲ့ဘေးမှာ ချေး၊သေး ကအစပြုစုပြီး စောင့်ရှောက်ပါတယ်....။ ဦးဝင်း ဟာဆေးရုံမှာ သုံးလလောက်တက်ပြီးတဲ့နောက်မှာတော့ ဘ၀တစ်ပါးကိုကူးပြောင်းသွားရှာပါ
တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာစတာ.......။
ရက်လည်ပြီး မကြာခင်မှာ ဦးအောင်အိမ်မက်တစ်ခုမက်တယ် ဦးဝင်းဟာ သူ့သူငယ်ချင်း အသားမည်းမည်းလူတစ်ယောက်နဲ့အတူဦးအောင်အိမ်မက်ထဲကိုရောက်လာပါတယ်..။
ဦးအောင်ကသူ့အကိုဆိုတော့ သေဆုံးသွားမှန်းသတိမထားမိပဲ နှုတ်ဆက်လိုက်ပါတယ်..။
"ကိုဝင်း ဘယ်ကနေလာခဲ့တာလဲ" ဦးဝင်းကတစ်ချက်ပြုံးပြလိုက်ပြီး..။
" အောင်အောင် ရေငါနဲ့လိုက်ခဲ့စမ်းပါကွာ ငါပျင်းနေလို့"
"ဘယ်ကိုလည်းဗျ....." "ဒီနားလေး ခဏပါကွာ...." "ဒါနဲ့မကြည်ကော....."
ဦးအောင်က လောက၀တ်စကားအရ ဦးဝင်းရဲ့မိန်းမကိုပါမေးလိုက်တာပါ...။
ခါတိုင်းဆိုရင် ဦးဝင်းရဲ့ရောဂါကိုစိတ်မချလို့ ဦးဝင်းဘယ်သွားသွား
ဦးဝင်းမိန်းမ မကြည်ကအနောက်ကနေလိုက်နေကျ..။ "အိမ်မှာကျန်ခဲ့တယ်ကွ..."
အဲ့ဒီမှာ ဦးအောင်ကဦးဝင်းမိန်းမ မကြည်ဦးဝင်းအသုဘမှာရှိုက်ကြီးတငင်ငိုနေတာကိုမှတ်မိသွားတယ်...။ အဲ့ဒီမှာပဲ....
"ဟာ...ကိုဝင်းက သေပြီးလေ...ကျွန်တော်ဘယ်ကိုလိုက်ရမှာလဲဗျ....."
အိပ်မက်ထဲမှာတင်ပဲ ဦးအောင်ဟာ အထိတ်တလန့်ခေါင်းနားပန်းတွေကြီးသွားပါတယ်...။ "ဟာ..ဒီကောင်လေး ကိုယ့်အကိုကလိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့ကွာ...." ပြောပြောဆိုဆိုနဲ့ ဦးဝင်းက ဦးအောင်လက်ကိုလှမ်းဆွဲဖို့ပြင်လိုက်တယ်....။ "ဟာ..မလိုက်ဘူး မလိုက်ဘူး ဆိုပြီး...ဦးအောင်ဟာအတင်းရုန်း
ပြီး ပြေးလိုက်ပါတော့တယ်..။ အဲ့ဒီမှာပဲ အိမ်မက်ထဲကနေချွေးအရွှဲသားနဲ့ လန့်နိုးလာပါတော့တယ်...။
ဦးအောင်ဟာသူနဲ့ ရင်းနှီးတဲ့ ပယောဂကုဆရာတစ်ယောက်ကိုမေးကြည့်ေ
တာ့....
"ဟာ...အောင်အောင် မင်းတကယ်ကံကောင်းတယ် မင်းသာလိုက်မယ်လို့ပြောပြီးပြီးလိုက်သွားတယ် ဆိုရင် မင်းအခုအချိန်အသက်တောင်ရှင်တော့မှာမဟုတ်ဘူး... မင်းတစ်ခါတည်းသေသွားမှာ...သူတို့ပရလောကသားတွေက မင်းသာခွင့်ပြုတယ်ဆိုရင်မင်း ၀ိဥာဉ်ကို အသာလေးထုတ်ယူသွားလို့ရတယ်...သူနဲ့လိုက်လာတဲ့အသားမည်းမည်းနဲ့သူငယ်ချင်းဆိုတာလည်း ပရလောကက ပြိတ္တာအကြီးစားပဲနဲ့တူတယ်.. အောင်အောင်..ဘုရားတရားသာလုပ်ပေတော့ မင်းကိုမင်းအကိုက လာခေါ်နေပြီ..." အဲ့ဒီဆရာရဲ့စကားရှည်ကြီးအဆုံးမှာ ဦးအောင်ဟာလည်း အင်မတန်ကြောက်လန့်သွားရှာတယ်...။ ပြီးတော့ အဲ့ဒီညက အသားမည်းမည်း ပိန်ခြောက်ခြောက်နဲ့လူရဲ့ မျက်နှာဟာစပ်ဖြဲဖြဲကြီးနဲ့ ကြောက်စရာကောင်းတယ်လို့ထင်နေတာလည်းမှန်ကြောင်းသိသွားပါတော့တယ်..........။
အဲ့ဒီနေ့ကနေစပြီးဦးအောင်တစ်ယောက်ဘုရားတစ်ရားဖက်ကို အာရုံစိုက်ပြီး အလေးထားလုပ်ဆောင်လာပါတော့တယ်...။
ဖြစ်ရပ်မှန်ဖြစ်ပါသည်....။
by မိုးတိမ် ပုံပြင်
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...