အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို
အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊
အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့်
ဝက်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊
ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။
* သင့်အသားအရေ အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ
စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့
ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့
သုံးနိုင်စေဖို့ အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။
သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ
အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့
ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။
ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊
ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့
ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။၏
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။
အခြားအချက်များ
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။
by myawady
Saturday, November 16, 2013
ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...