ပြည့်တန်ဆာနှစ်ဦးကို ဟိုတယ်တစ်ခုသို့ လာရောက်ရန် ဖုန်းဆက်ချိန်းဆိုကာ
အသွင်ယူသက်သေဖြင့် ပျော်ပါးစေပြီးနောက် ဖမ်းဆီးလိုက်ပြီး ယင်းလုပ်ငန်း
ဦးဆောင်လုပ်ကိုင်နေသူများကိုလည
တာမွေမြို့နယ်၊ ဗညားဒလလမ်းတွင်
နေထိုင်သူ ၃၀နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြည့်တန်ဆာ အမျိုးသမီးငယ်များ
စုဆောင်းကာ ပြည့်တန်ဆာလုပ်ငန်းကို စီမံကြီးကြပ်လုပ်ဆောင်နေကြောင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် အသွင်ယူသက်သေနှစ်ဦးကို မြန်မာကျပ်ငွေ ၅၀၀၀
တန်၂၀ ရွက်တိတိ သက်သေများရှေ့တွင် ပေးအပ်၍ ပြည့်တန်ဆာခေါင်းကိုင်ဆောင်သော
လက်ကိုင်ဖုန်းသို့ ဆက်သွယ်ကာ ပြည့်တန်ဆာကိစ္စပျော်ပါးရန်အတွက်
ထို့နောက် အသက် ၂၀ နှစ်အရွယ် နှင့် ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးသည်
ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ တည်းခိုရိပ်သာတစ်ခုသို့ ရောက်ရှိလာပြီး
အသွင်ယူသက်သေနှစ်ဦးနှင့်အတူ ပြည့်တန်ဆာကိစ္စ ပျော်ပါးနေစဉ်
ရဲအုပ်ဟန်မျိုးအောင် ဦးဆောင်သောအဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ ပြည့်တန်ဆာလုပ်ငန်းကို အသက် ၃၀ အရွယ်
အမျိုးသမီးတစ်ဦးက စီမံကြီးကြပ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသဖြင့်
ညနေ ၃ နာရီတွင် တာမွေမြို့နယ်ရှိ ၎င်းတို့နေ ထိုင်ရာတိုက်ခန်းကို
ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။
ယင်းတိုက်ခန်းတွင်
ပြည့်တန်ဆာခေါင်းအပါအ၀င် အမျိုးသမီးသုံးဦးကို ပြည့်တန်ဆာလုပ်ငန်း
လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်သက်သေခံပစ္စည်းများနှင့်အတ
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းရဲစခန်းက (ပ)၄၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး
ပြည့်တန်ဆာပုဒ်မ ၅ (၁) ဖြင့် အရေးယူနိုင်ရန် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
by mizzima
Monday, November 25, 2013
အသွင်ယူသက်သေနှင့်အတူ ပျော်ပါးစေပြီး ပြည့်တန်ဆာလုပ်ငန်းကို ၀င်ဖမ်း
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...