မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍
အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏကို 20 GB အထိ
တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း
အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင်ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB
အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်
ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။
ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို
အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်
အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း
ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌
တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way
တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။
ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို
တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက်
Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန်
ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က
ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ
အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ်
ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက်
အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ
ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။
Red Link ကုမ္ပဏီနှင့်
Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက်စနစ်ကို
ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌
Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး
အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင်၌ Red Link ကုမ္ပဏီ အကူအညီဖြင့်
အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏
ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို
အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့်
အသုံးပြုနိုင်မည်ဟု သိရသည်။
မြင့်ကျော်လှိုင်-
by myawady
Wednesday, December 4, 2013
အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...