ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ
ကားပါကင်တွင် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့်
ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဗုံးဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ထားရှိခဲ့သည့် အဆိုပါ ဒစ်ဂျစ်တယ်နာရီ အစုံလိုက်ကို ကားပါကင် ငွေကောက်ခံသူ
နေ့စားဝန်ထမ်းမှ ဒိုင်းမွန်းပလာဇာ ကားပါကင် မြေအောက်ထပ်ရှိ ကွန်ကရစ်တိုင်
အောက်ခြေ၌ တွေ့ရှိသဖြင့် ကုလားထိုင်ပေါ်သို့ တင်ထားပြီးနောက် သက်ဆိုင်ရာသို့
အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်
"အသေးစိတ် စစ်ဆေးချက်အရ လျှပ်စစ်တိုင်းကိရိယာ ဆားကစ်အအပျက် တစ်ခုနဲ့၊
ဒစ်ဂျစ်တယ် နာရီကို အသုံးပြုထားပြီး Power Supply တပ်ဆင်ထားခြင်း မရှိသလို
ယမ်း၊ ဒီတိုနီတာတို့ မပါဝင်လို့ အထိတ်တလန့် ဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့
သုံးသပ်ထားပါတယ်" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး
ဇော်မင်းဦးက ဆိုသည်။
ဒိုင်းမွန်းပလာဇာ တစ်ခုလုံးတွင် CCTV ကင်မရာ
၃၀ လုံးရှိပြီး အခင်းဖြစ်ပွားခဲ့ရာ မြေအောက်ထပ် ကားပါကင်တွင်
သုံးလုံးသာရှိကြောင်း၊ အဆိုပါ ကင်မရာ သုံးလုံးမှာ အရည်သွေးပြည့်မှု
နည်းခြင်း၊ ကားပါကင် ဧရိယာမှာ လေးဧကကျော် အကျယ်အ၀န်း ရှိသဖြင့် ကင်မရာ
အရေအတွက်နှင့် လုံလောက်မှု မရှိသဖြင့် လုံခြုံမှု အားနည်းနေကြောင်းနှင့်
ကင်မရာကို ပြန်လည်စစ်ဆေးစဉ်တွင် သဲကွဲစွာ မမြင်ရကြောင်း သိရသည်။
"တပ်ဆင်ထားတဲ့ ကင်မရာ အားနည်းချက်ကြောင့် ပြန်စစ်ဆေးရာမှာ အခက်အခဲ
ရှိပါတယ်။ ကားပါကင် ၀န်ထမ်းကောင်လေး ဒီပစ္စည်းကို သယ်လာတာပဲ တွေ့ရပြီး
ရှေ့ကဖြစ်စဉ်တွေ ဘာမှမတွေ့ရပါဘူး။ ၄ ပြပတ်လည် အကျယ်ကြီးမှာ ကင်မရာ
သုံးလုံးပဲရှိတာ လုံခြုံမှု အားနည်းလို့ ထပ်တိုးဖို့တော့ အကြံပြုထားတယ်။ အခု
ကားပါကင်က ၀န်ထမ်းကိုပဲ သက်သေတွေရှေ့မှာ စစ်ဆေးနေပါတယ်" ဟု
တိုင်းရဲတပ်မှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။
by weeklyeleven
Wednesday, December 4, 2013
ကားပါကင်တွင် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...