မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၉ လမ်းဒေါင့်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်မှာ
ဒီဇင်ဘာ ၂၄ ရက် ၅ နာရီကျော်ကျော်က ဓါးပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။
ဒီဓါးပြတိုက်မှုမှာ တရားခံလို့ယူဆရသူ တယောက်ကိုမိထားတယ်လို့ အမှတ် ၈
ရဲစခန်းက အတည်ပြုပြောကြားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်တွေအဆိုအရ
လူသုံးယောက်လာပြီး တယောက်က သေနတ်ပြခြိမ်းခြောက်ခဲ့တာကို
အော်ဟစ်အကူအညီတောင်းလို့ ဓါးပြကသေနတ်နဲ့ပစ်လိုက်တဲ့အတွက်
လူတဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ အဲဒီနောက် ဓါးပြတွေထွက်ပြေးရာက
ပတ်ဝန်းကျင်အကူအညီနဲ့ တယောက်ကိုဖမ်းမိပြီး ၂ယောက်လွတ်သွားတယ်လို့
ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ် ၈ ရဲစခန်းကတော့
အသေးစိတ်စုံစမ်းဆဲမို့ဆိုပြီး အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
BBC Burmese
Tuesday, December 24, 2013
မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...