ဒီဇင်ဘာ ၆ ရက် တစ်ရက်တည်း၌ ကျောက်တန်းမြို့နယ်တွင် ဓားကိုင်ပြီး နေအိမ်ပေါ်
ကျူးကျော်ဝင်ရောက် ခြိမ်းခြောက်ငွေတောင်းမှုနှင့် ဆိုင်ကယ်စီးလာသည့်
လူသုံးဦးကို တုတ်ဓားများ ကိုင်ဆောင်ထားသည့် လူအုပ်စုက ဆွဲကြိုးလုယက်မှုတို့
ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
နေအိမ်ပေါ်သို့ ကျူးကျော်ဝင်ရောက်ပြီး ဓားဖြင့်ခြိမ်းခြောက် ငွေတောင်းမှုမှာ
ဒီဇင်ဘာ ၆ ရက် ည နေ ၅ နာရီခွဲခန့်က ကျောက်တန်းမြို့နယ်၊
ဆေးဘိုဝကျေးရွာတွင် နေထိုင်သည့် ရန်နိုင်ဦး (၂၃)နှစ်သည် အပြင်မှ
နေအိမ်သို့ ပြန်ရောက်လာစဉ် ဇနီးဖြစ်သူ မအေးအေးနွယ် (၃၃)နှစ်အား
ရန်နိုင်ဦးအိမ်တွင် မရှိခိုက် ရွှေကုန်းရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေ
နိုင်နိုင် (၂၅)နှစ်နှင့် ၎င်း၏ဇနီး မိုးမိုးစန်း (၂၅)နှစ်တို့မှ ဓားပြကာ
မဲဖိုးငွေ ကျပ် ၅၀၀၀၀ ပေးရန် ပြောဆိုခဲ့သဖြင့် မအေးအေးနွယ်မှ ငွေကျပ် ၄၀၀၀၀
ပေးခဲ့ကြောင်း သိရသဖြင့် ရန်နိုင်ဦးမှ နိုင်နိုင်၏မိခင် ဒေါ်မြင့်မြင့်ခင်
(၅၅) နှစ်ထံသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်တန်းခဲ့သည်ဟု ရဲစစ်ချက်တွင်
ဖော်ပြထားသည်။
ထို့နောက် ရန်နိုင်ဦးမှ လမ်းထိပ်ကွမ်းယာဆိုင်သို့
သွားရောက်စဉ် ၎င်း၏မိတ်ဆွေ တစ်ဦးမှ နိုင်နိုင်နှင့် အပေါင်းအပါ သုံးဦးက
ဓားကိုင်ပြီး ရန်နိုင်ဦးအား လိုက်ရှာနေကြောင်း ဖုန်းနှင့်လှမ်းပြောသဖြင့်
နေအိမ်သို့ပြန်ခဲ့ပြီး ည ၁၀ နာရီခန့်တွင် နိုင်နိုင်မှ
အရှည်တစ်တောင်ခန့်ရှိသည့် ဓားကိုင်ဆောင်ပြီး နေအိမ်ခြံဝင်းထဲသို့
ဝင်လာသည့်အတွက် မအေးအေးနွယ်မှ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ
တောင်းခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား ရန်နိုင်ဦးက တရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့် ကျောက်တန်းမြို့မ ရဲစခန်းမှ (ပ)၃၀၇/၁၃၊
ပြစ်မှုပုဒ်မ-၄၄၇/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ညပိုင်းတွင် ကျောက်တန်းမြို့နယ်၌ပင်
ဓားကိုင်ဆောင်ထားသည့် လူရှစ်ဦးခန့်မှ ဆိုင်ကယ်စီးလာသည့် လူသုံးဦးကို
တားပြီး ငွေကျပ်သိန်း ၆၀ ခန့် တန်ကြေးရှိသည့် ဆွဲကြိုးအား လုယူထွက်ပြေးမှု
ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုင်နိုင်နှင့်
အပေါင်းအပါ သုံးဦးက ဓားကိုင်ပြီး ရန်နိုင်ဦးအား လိုက်ရှာနေကြောင်း
ဖုန်းနှင့်လှမ်းပြောသဖြင့် နေအိမ်သို့ပြန်ခဲ့ပြီး ည ၁၀ နာရီခန့်တွင်
နိုင်နိုင်မှ အရှည်တစ်တောင်ခန့်ရှိသည့် ဓားကိုင်ဆောင်ပြီး
နေအိမ်ခြံဝင်းထဲသို့ ၀င်လာသည့်အတွက် . . . . .
ဖြစ်စဉ်မှာ
အဆိုပါနေ့ ည ၁၁ နာရီခန့်က ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်နေ
ဒေါ်မြင့်မြင့်ခင်သည် သားဖြစ်သူ နိုင်နိုင် (၂၅)နှစ်နှင့် ချွေးမဖြစ်သူ
မိုးမိုးစန်း (၂၅)နှစ်တို့နှင့်အတူ သီလ၀ါ ရွာဟောင်းသို့ အလုပ်သမား
သွားငှားရာမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပါဒကြီးကျေးရွာ မရောက်မီ၊
ပါဒကြီးသင်္ချိုင်း အကျော်တွင် ကျောက်တန်းမြို့နယ်၊ ဆေးဘိုဝကျေးရွာနေ
ရန်နိုင်ဦး (၂၃) နှစ်ပါ လူရှစ်ဦးတို့မှ တုတ်ဓားများ ကိုင်ဆောင်ပြီး
ဆိုင်ကယ်အားတားပြီး နိုင်နိုင်အား တုတ်ဖြင့်ရိုက်နှက်ခဲ့ပြီး
ဒေါ်မြင့်မြင့်ခင် ဆွဲထားသည့် အလေးချိန် ၁၀ ကျပ်သားကျော်ရှိ ဆွဲကြိုး၊
ကာလတန်ကြေးငွေ ကျပ်သိန်း ၆၀ ကျော်အား လုယူ ထွက်ပြေးသွားခဲ့ကြောင်း
ရဲစစ်ချက်တွင် ဖော်ပြထားသည်။
နိုင်နိုင်တွင်လည်း နဖူးတွင်
ပေါက်ပြဲဒဏ်ရာ ရှိသဖြင့် ကျောက်တန်းမြို့နယ် ဆေးရုံတွင် ပြင်ပလူနာအဖြစ်
ပြသခဲ့ရသဖြင့် ရန်နိုင်ဦးပါ ရှစ်ဦးအား အရေးယူပေးရန် ဒေါ်မြင့်မြင့်ခင်မှ
တိုင်တန်းခဲ့သဖြင့် ကျောက်တန်းမြို့မ ရဲစခန်းမှ(ပ) ၃၀၆/၁၃၊ ပြစ်မှုပုဒ်မ-၃၉၅
ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
အဆိုပါ ဖြစ်စဉ်များနှင့်
ပတ်သက်၍ ကျောက်တန်းမြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ
တာဝန်ကျ တာဝန်မှူး တစ်ဦးမှ "ကျွန်တော်တို့က ဖြေကြားခွင့် မရှိပါဘူး။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကိုပဲ ဆက်သွယ်ပါ" ဟု ဒီဇင်ဘာ ၇ ရက်
မွန်းလွဲ ၂ နာရီခွဲခန့်က ဖြေကြားသည်။
by myawady
Monday, December 9, 2013
ကျောက်တန်းမြို့နယ်တွင် ဓားဖြင့်ခြိမ်းခြောက် ငွေတောင်းမှုနှင့် တုတ်ဓားများ ကိုင်ထားသည့် လူအုပ်စုမှ ဆွဲကြိုးလုယက်မှုတို့ တစ်နေ့တည်း ဖြစ်ပွား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...