<div style='background-color: none transparent;'></div>

Monday, December 9, 2013

တရုတ်နိုင်ငံအလံကို မီးရှို့ဖျက်ဆီးမှုဖြင့် ဖမ်းဆီးခြင်းခံရသူကို ယနေ့ရုံးထုတ်မည်

တရုတ် နိုင်ငံ အလံအားမီးရှို့ဖျက်ဆီးမှု ဖြင့်ဖမ်းဆီးခြင်းခံထားရသော ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၉ ရက်တွင် ဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေဦးရောဘတ်စန်းအောင် ကပြော သည်။ ဒေါ်နော်အုန်းလှသည် လက် ပံတောင်းတောင်အကြမ်းဖက်ဖြို ခွင်းခံရသည့် နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ် ဖော်ကာ တရုတ်နိုင်ငံအလံအား မီးရှို့ဖျက်ဆီးမှုဖြင့် ဒဂုံမြို့နယ်ရဲ စခန်းမှူးနှင့် အတူရဲတချို့မှ ဒီဇင် ဘာ ၆ရက် ည ၁ဝနာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ''၉ ရက်နေ့မှာ ဒဂုံတရားရုံးမှာ ရုံးထုတ် ပြီး ရမန်ယူမယ်ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ လေးယောက် ဖမ်းရမှာ နှစ်ယောက်မမိသေးတာ ကြောင့်ဖြစ်တယ်။ မနက်ဖြန်ရုံး ထုတ်ပြီးတာနဲ့ ထောင်ကိုတန်းပို့ လိုက်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ ''ကျွန် တော်တို့နိုင်ငံက တရုတ်ပြည်သူ့ လက်အောက်ခံ နိုင်ငံလဲမဟုတ် ဘူး။ အချုပ်အခြာအာဏာပိုင် တဲ့ နိုင်ငံပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေမှာ တော့ တရုတ်နိုင်ငံရဲ့အလံကို မီးရှို့ရင် အပြစ်ဖြစ် တယ်လို့ တော့ ပြဋ္ဌာန်းထားတာ အခုထိရှာမတွေ့ သေးဘူးဗျ''ဟု အမှုနှင့်ပတ်သက် ၍ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါ် နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုအောင်စိုးအပါအဝင် လေးဦး အား ပုဒ်မ၅၀၅(ခ)ဖြင့် တရားစွဲ ဆိုထားကြောင်း၊ ဒေါ်နော်အုန်းလှ နှင့် ကိုတင်ထွဋ်ပိုင်တို့ နှစ်ဦးသာ ဖမ်းဆီးရရှိထားပြီး ကျန်လူများ ကို ဆက်လက် စုံစမ်းလျက် ရှိသည်။ ဒေါ်နော်အုန်းလှအား ယခု အချိန်တွင် ဒဂုံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဦးရောဘတ်စန်းအောင်က ပြော သည်။

ရွှေရည်မဉ္ဇူ
ွှ့The Yangon Times

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...