<div style='background-color: none transparent;'></div>

Saturday, December 21, 2013

ခါးပိုက်နှိုက် စွန့်ပစ်ထားသော ပိုက်ဆံအိတ် အမှိုက်သိမ်းသမားက ပိုင်ရှင်ထံ သို့ ပြန်လည် အပ်နှံ

ခါးပိုက်နှိုက်ခံရသော ပိုက်ဆံ အိတ်၊ နိုင်ငံသားစိစစ်ရေးကတ်များ၊ E-Pension ကတ်များကို အမှိုက်ပုံးတွင် စွန့်ပစ်ထားရာမှ အမှိုက်သိမ်းဆည်းသူတစ်ဦး ကောက်ယူရရှိပြီးပိုင်ရှင်လိပ်စာကို အဆင့်ဆင့်စုံစမ်း ပြန်လည် ပေးအပ်ခဲ့ရာ ပစ္စည်းပိုင်ရှင်က ဝမ်းမြောက်ကျေနပ်စွာ ဂုဏ်ပြုငွေ ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်းတာမွေလေး သံလမ်းမှတ်တိုင်မှဘုရင့်နောင်သို့ အဓိပတိစံပြဈေးအဝိုင်းပတ်အပြာ ယာဉ်တစ်စီးပေါ်တက်ရောက်စီးနင်းရာ ရုံးဆင်းချိန်ဖြစ်၍ လူသွားလမ်းတွင် မတ်တက်ရပ်စီးရကြောင်း၊ တာမွေဈေး ရောက်ချိန်တွင် လူပိုမိုကျပ်ခဲ့ကြောင်း၊ လက်ကိုင်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ဇစ်ဖွင့်ပြီးပြန်ပိတ် ထား ခဲ့၍ ရန်ကုန်မြို့လယ်အရောက် ထိုင်ခုံနေရာရပြီးသော်လည်းမသိဘဲ ဘုရင့်နောင်ပွဲရုံဝင်းသို့ ရောက်မှ သိခဲ့ရကြောင်း၊ငွေသား ၅၀၀ ကျပ်တန် လေးရွက် တန်ဖိုးအားဖြင့် ငွေကျပ် ၂၀၀၀ သာ ပါရှိသော်လည်း ဇနီးမောင်နှံနှစ်ဦး၏နိုင်ငံသား စိစစ်ရေး ကတ်များ၊ E-Pension ကတ်များ ပါသွားသဖြင့်ပြန်လည်လျှောက်ထားရန် စီစဉ်နေချိန် ခါးပိုက်နှိုက်ခံရပြီး တစ်ပတ်အကြာ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ပြန်လည်ရရှိခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးကဆိုသည်။

ယင်းခါးပိုက်နှိုက် ခံရချိန်တွင်ပါသွားသော စာရွက်စာတမ်းများမှာ တန်ဖိုးအားဖြင့် နည်းသော်လည်း ပိုက်ဆံအိတ် အဟောင်းနှင့် အတူကျောက်မြောင်းဈေးအနီး အမှိုက်ပုံတစ်ခုတွင် လွှင့်ပစ်ထားရာမှ အမှိုက်သိမ်းသူတစ်ဦးက ကောက်ယူရရှိခြင်းဖြစ်သည်ဟု သိရသည်။

မျက်မှောက်ကာလတွင် လက်ကိုင်ဖုန်းသုံးစွဲမှု များပြားသကဲ့ သို့မေ့ကျန်မှုများလည်း ဖြစ်ပွားတတ်ရာ ကောက်ရသူ များထံမှ ငွေပေးရွေးမှုများ ရှိနေကြောင်း၊ ဖုန်းဆင်းကတ်အပျောက် သက်ဆိုင်ရာ တွင် ပြန်လည် လျှောက်ထား ထုတ်ယူရာတွင် အထောက် အထားစာရွက်များ တင်ပြရပြီး ပြည့်စုံလျှင် ငွေကျပ်၂၀၀၀၀ ပေးသွင်း ရကြောင်း၊ဟန်းဆက်တန်ဖိုးကြောင့် ကောက်ရသူများအနက် အချို့ထံတွင် ငွေပေးရွေးရာ၌ ငွေကျပ်သောင်းချီ ပေးနေရကြောင်း၊ မေ့ကျန်မှု၊ ခါးပိုက်နှိုက်မှု၊အလစ်သုတ်မှုတို့ကြောင့် ငွေသားနည်းတူ ဖုန်း၊ စာရွက် စာတမ်းများ ဆုံးရှုံးမှုများကြောင့် ကာယကံရှင်များအတွက် ပိုမိုသောကရောက်ရ သဖြင့် သွားလာရာတွင် အထူးဂရုပြု သွားလာရန် လိုအပ်နေ သည်ဟု ဖုန်းပျောက်ခဲ့သူ လမ်းမတော်မြို့နယ် တွင် သတင်းစာ ၊ ဂျာနယ်ရောင်းချသူ တစ်ဦးက ဆိုသည်။
 
by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...