<div style='background-color: none transparent;'></div>

Saturday, December 21, 2013

ဆိုင်ကယ်မစီးရ နယ်မြေအတွင်း ဆိုင်ကယ်တိုက်မှုဖြစ်

၂၀-၁၂-၂၀၁၃ ရက်နေ့  နံနက် (၉း၂၀)တွင်  အ.မ.က(၄) (ဒဂုံအရှေ့)ကျောင်းရှေ့၌ တိုးချဲ့(၁)ရပ်ကွက်နေ  မြင့်ထွန်း  မောင်းနှင်သော ဆိုင်ကယ်ဖြင့် ကျောင်းပို့လာသူ ဒေါ်လှလှအေး (၃၇-နှစ်) နှင့် ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ (၆-နှစ်) အား စက်ဘီးဖြင့် ကျောင်းပို့လာစဉ် မြင့်ထွန်းမောင်းနှင်သော ဆိုင်ကယ်မှ အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း Myanmar News Now မှ သတင်းရရှိ ပါသည်။

ဆိုင်ကယ်တိုက်မှုကြောင့် မလှလှအေး တွင် ယာဘက် ခြေထောက်ကျိုး ဒဏ်ရာနှင့် ဒူးပြဲဒဏ်ရာများ ရရှိသွားပြီး၊  ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ(၆နှစ်)မှာ ရှေ့သွားများ ကျိုးသွားခဲ့ပါသည်။

၎င်းဖြစ်စဉ်၌ ရန်ကုန်တိုင်းအတွင်း၊ ဆိုင်ကယ်မစီး ရန်တားမြစ်ထား သော်လည်း ၄င်းကဲ့သို့ မဆင်မခြင် အရှိန်ပြင်းစွာစီးနင်းပြီး တာဝန်မဲ့စွာ မောင်းနှင်ထွက်ပြေး သွားသော တရားခံ မြင့်ထွန်း အား နယ်မြေ(၆) ယာဉ်မှုစစ်မှ ရဲအုပ် မျိုးလင်းအောင် မှ ပ/၂၀  ၊ ၂၉၇/၃၃၇  အရ အမှုဖွင့် ဆောင်ရွက်နေ ပါသည်။

၎င်းကဲ့သို့  ဆိုင်ကယ်မစီးရ နယ်မြေ၌ ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ရမ်းကားစွာ စီးနင်းမောင်းနှင်၍ ထွက်ပြေး တိမ်းရှောင်နေသူအား ထိရောက်ဟန့်တားစွာ ပြစ်ဒဏ် ချမှတ်ရန် လိုအပ်ကြောင်း  ဆိုင်ကယ် တိုက်ခံရသည့် မိသားစုဝင်များက Myanmar News Now ကို ပြောပါသည်။




BY THIT HTOO LWIN

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...