<div style='background-color: none transparent;'></div>

Friday, December 6, 2013

ထူးထွေဆန်းပြား တွေ့ရှိမှုအသစ်များ

ကမ္ဘာပေါ်မှာ နှစ်စဉ်လူပေါင်း ၁၂၅၀၀၀ ကျော်လောက်က မြွေကိုက်လို့
သေဆုံးနေကြရပါတယ်။အဲဒီထဲကမှာ လေးပုံသုံးပုံလောက်ဟာ ဆေးရုံမရောက်မီ အသက်ဆုံးကြရပါတယ်။အခုတော့ အဲဒီပြဿနာကို နှာခေါင်းဖြန်းတဲ့ ဆေးရည်(နှာခေါင်းပိတ်ခြင်း၊...အစရှိတာတွေမှာအသုံးပြုတဲ့စပရေး)ကနေ မြွေဆိပ်ကို မပျံ့နှံ့အောင်ပြုလုပ်တဲ့ နည်းကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ပါပြီ။

California Academy of Sciences and the University of California, San Francisco ကသုတေသီတွေရဲ့ အသစ်တီထွင်လိုက်တဲ့ နှာခေါင်းဖြန်းဆေးရဲ့ အမှတ်မထင်တွေ့ရှိမှုကို journal Clinical Case Reports မှာ တင်ပြထားပါတယ်။

"ကျွန်တော်တို့ဟာ ရှေးကျတဲ့ နည်းလမ်းတွေနဲ့ ခေတ်သစ်နည်းပညာတွေ ကို ပေါင်းစပ်ပြီးတော့တမူထူးခြားပြီး ဈေးနှုန်းလဲသက်သာပြီး၊သုံးစွဲရလွယ်ကူတဲ့ ဆေးတစ်မျိုးကို ထုတ်လုပ်နေပါတယ်။ဒီဆေးရဲ့ အမှတ်မထင်တွေ့ရှိ ချက်ကတော့ မြွေဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်တာပါပဲ"

Dr. Matt Lewin, Director of the Center for Exploration and Travel Health at the California Academy of Sciences သုတေသန အကြီးအကဲဖြစ်သူရဲ့ဖော်ပြချက်အရ။

အဆိပ်ဖြေဆေးတွေနဲ့ မြွေဆိပ်ဖြေတဲ့ ဆေးဝါးတွေကိုဝယ်ယူဆောင်ဖို့ဟာ အဲဒီလောက်မလွယ်ကူပါဘူး။အထူးသဖြင့် ကျေးလက်နဲ့ တောတွင်းတွေမှာ ပိုမိုဝယ်ရခက်ပြီး ဈေးလဲကြီးပါတယ်။ဒီနှာခေါင်းဖြန်းဆေးမှာ ပါဝင်တဲ့ ပစ္စည်းတွေက anticholinesterase agents ပစ္စည်းတွေ(neostigmine လိုပစ္စည်း)တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံခွင့်ပြုထားတဲ့
ဆေးတွေပါဝင်နေပါတယ်။

ဧပြီလမှာတော့ သူနဲ့သူ့အဖွဲ့ဟာ ဒီဆေးက မြွေဆိပ်ကို ဘယ်လို တုန့်ပြန်နိုင်သလဲဆိုတာကို လက်တွေ့စမ်းသပ်အောင်မြင်ခဲ့ကြပါတယ်
။စေတနာ့ဝန်ထမ်းတစ်ဦးကို မြွေပေါက်ခံပြီးမြွေဆိပ်ကြောင့် ကြွက်သားတွေ လှုပ်မရဖြစ်နေတဲ့အချိန်မှာ ဒီဆေးဖြန်းလိုက်တာကြောင့် ကြွက်သားတွေ
ပြန်လည်လှုပ်လာနိုင်ပါတယ်။

ဂျွန်လမှာတော့ မျက်နှာကို မြွေပေါက်ခံရတဲ့လူနာတစ်ယောက်ဟာ မျက်နှာနဲ့အခြားအစိတ်အပိုင်းတွေ လှုပ်မရတော့ဘဲ အကြောသေသလိုဖြစ်နေတာကို အဲဒီဆေးဖြန်းပေးလိုက်တာ မိနစ် ၃၀ အတွင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီးတော့ နှစ်ပတ်အတွင်းမှာ လူကောင်းပကတိပြန်ဖြစ်လာပါတယ်။

ပရော်ဖက်ဆာ Lewin နဲ့အဖွဲ့ဟာ အခုဆိုရင် ဒီဆေးကို ပိုမိုကောင်းမွန်အောင် စမ်းသပ်နေကြပြီးတော့ ကြွက်တွေနဲ့
စမ်းသပ်တဲ့အခါမှာလဲ မြွေကိုက်ခံရပြီးတော့ ကိုက်ခံရတဲ့နေရာအနှံ့ကို ဒီဆေးဖြန်းပေးလိုက်ပြီးတော့ ဆေးကုသရင် အကြောသေတာတွေ၊
အသက်ရှုကြပ်တာမျိုးတွေ မဖြစ်ရုံတင်မက မြွေဆိပ်ပျံ့နှံ့မှုကိုလဲ အချိန်ခဏထိန်းထားနိုင်တယ်လို့ သိရပါတယ်။

မောင်စိုင်း
(ကနောင်)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...