<div style='background-color: none transparent;'></div>

Friday, December 6, 2013

ဘိုင်ယန် တိုက်စစ်အတွက် ပြဿနာတစ်ရပ်

အော့စ်ဘတ်ကို (၂)ဂိုးပြတ် အနိုင်ရခဲ့သည့် ပိုကယ်ဖလားပွဲစဉ်တွင် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား အာဂျန်ရော်ဘင်မှာ ပွဲချိန်(၁၄)မိနစ်တွင် ပြိုင်ဘက်အသင်း ဂိုးသမား မာဝင်ဟစ်ဇ်နှင့် ထိခိုက်မိသည့်အတွက် ဒူးဒဏ်ရာရရှိခဲ့ပြီး ယင်းအတွက်ကြောင့် (၆)ပတ် အထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။

ရော်ဘင်မှာ ယခုရာသီတွင် အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၂)ပွဲ ပါဝင်ကစားခဲ့ရာ၌ (၆)ဂိုး သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲ ကစားရာတွင် (၃)ဂိုးသွင်းယူ၊ (၃)ဂိုး ဖန်တီးနိုင်ခဲ့ကာ ၎င်း၏ဒဏ်ရာ ပြဿနာသတင်းမှာ ဘိုင်ယန်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။ ထို့အပြင် ရော်ဘင်ကိုယ်တိုင်ကလည်း
ခြေစွမ်းပြနေနိုင်ချိန်၌ ဒဏ်ရာရရှိခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ညည်းတွားခဲ့သည်။ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် (၆)ပတ်အထိ အနားယူရတော့မည့် ရော်ဘင်အနေဖြင့် ယခုနှစ်အတွင်း ကစားမည့်ပွဲစဉ်များကို လွဲချော်ရတော့မည်ဖြစ်သည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...