ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်း နယ်မြေ
ရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး
အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။
အဆိုပါ အဆိပ်သောက်သူမှာ လင်ယောက်ျားဖြစ်သူနှင့် စိတ်ကောက်စကား များပြီး အိမ်ပေါ်တက်အဆိပ်သောက်၍သေဆုံးကြောင်း မေးမြန်းစုံစမ်း လေ့လာတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာ ဖြင့် လူသေအလောင်းအား သရက်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၃ ရေးဖွင့်၍ သရက်ကုန်း ရဲစခန်းမှူး ရဲအုပ် မြင့်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
The Union Daily

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...