ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားကန်စောင်းတွင် ရေနစ်သေဆုံးသည့်
လူသေအလောင်းတစ်ခုကို ဒီဇင်ဘာ ၃ ရက် ညကတွေ့ရှိခဲ့ရာတွင်
ဒဏ်ရာများပါတွေ့ရှိခဲ့သဖြင့် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်
သိရှိနိုင်ရန် မရမ်းကုန်းရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က
ထုတ်ပြန် လိုက်သည်။
ယင်းနေ့ည ၁၀ နာရီက မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်ရှိ အင်းလျားကန်စောင်းတွင် လူတစ်ဦးသေ ဆုံးနေကြောင်း သတင်းအရမြို့နယ်စခန်းမှူးနှင့်အ
သေဆုံးသူမှာ ရန်ပိုင်လင်း(၁၈)နှစ်၊ ကျပန်း၊ အမှတ် (၇ တ)၊
ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံမြို့နယ်နေသူဖြစ်သည်ဟု
ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
၎င်းသည် ညနေ ၁ နာရီခွဲအချိန်က
အစ်ကိုဖြစ်သူ ဟိန်းဇော်နှင့်အတူ အင်းလျားကန်ဘောင်သို့ ရောက် ရှိလာပြီး
လူစုကွဲသွားရာမှ ပျောက်ဆုံးနေသူဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က တွေ့ရှိထားသည်။
သေဆုံးသူ၏အလောင်းတွင်လည်း ၀ဲနားသွေးထွက်၊ ယာနားစုတ်ပြဲ၊ နှာခေါင်းသွေးထွက်
ဒဏ်ရာများ ရရှိထားပြီး ရေနစ်သည့် လကဏ္ခာများဖြင့်
သေဆုံးနေသည်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အလောင်းအား
မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး ယင်းသေဆုံးမှုမှာ
ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒု-ရဲအုပ် ကျော်ဆန်းလင်းက
တရားလိုပြုလုပ် တိုင်တန်းထားသည်။
ထို့ကြောင့် မြို့နယ်ရဲစခန်းက
သေမှုသေခင်းအမှတ်စဉ် ၃၅/၂၀၁၃ ဖြင့် အမှု ဖွင့်ပြီး စခန်းမှူးကိုယ်တိုင်
စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
by mizzima
Friday, December 6, 2013
အင်းလျားကန်တွင် သေဆုံးသည့်အလောင်း ဒဏ်ရာများတွေ့ရှိမှုကြောင့် စစ်ဆေးနေရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...