မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာနှင့် ထန်းဇလုတ်ရေတံခွန်သွားရာလမ်းအနီ
သေဆုံးသူ ကလေးနှစ်ဦးမှာ မလေပြေဦး အသက် ၆ နှစ်နှင့် မဆုဝေနှင်း အသက် ၄ နှစ်တို့ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
လတ်တလောတွင် တောပြည်ပန်းညိုသီးများ စားမိသည့်အတွက် ကလေးငယ်များ
အဆိပ်သင့်သွား သည်ဟု သေဆုံးသူကလေးများ၏ မိသားစုဝင်များက ယူဆထားကြပြီး
ယခုအချိန်ထိ အဖြေရှာမရသေးပေ။
အဆိုပါ ကလေးငယ်နှစ်ဦး
သေဆုံးခဲ့ခြင်းမှာ ယခုလ ၃ ရက်က ဖြစ်သော်လည်း ၄ ရက်တွင် ထပ်မံ၍ ကလေးနှစ်ဦး
မုံရွာပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ခဲ့ရကြောင်း စစ်ကိုင်းတိုင်း
သတင်းရဲတပ်ဖွဲ့မှ မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ဒီဇင်ဘာ ၅ရက်
နံနက်ပိုင်းက ကျောက္ကာမြောက်ရွာ အင်န်အယ်ဒီပါတီ လူငယ်တာဝန်ခံတစ်ဦး၏ ပြော
ပြချက်များအရ ယနေ့နံနက်တွင် ကလေးငယ်တစ်ဦးထပ်မံ၍ ဆေးရုံတက်ခဲ့ရသည်ဟုဆိုသည်။
“အခုဆိုရင် ကလေးတွေက ဘာရောဂါနဲ့ ဘယ်လိုဖြစ်ပြီး သေဆုံးရတယ်ဆိုတာကို
မသိရဘူး။ အဲ့ဒါ ကြောင့် ဒီနေ့နံနက်ဆိုရင် ကလေးတွေ ကျောင်းသွားဖို့
လူကြီးတွေမှာ အလွန်စိတ်ပူနေရပါတယ်”ဟု အထက်ပါ လူငယ်တာဝန်ခံက ဆိုသည်။
နောက်ဆုံးသိရှိရသည့် သတင်းများအရ အဆိုပါဒေသသို့ သက်ဆိုင်ရာ
ကျန်းမာရေးဌာနမှ လာရောက်၍ စိစစ်ခြင်းများ မရှိသေးကြောင်း ဒေသခံပြည်သူများက
ပြောကြသည်။
ပြီးခဲ့သည့်နှစ်က မုံရွာခရိုင်၊
ချောင်းဦးမြို့နယ်တွင် ကလေးငယ်နှစ်ဦး ဖရဲသီးစားပြီးနောက် လျှက်ဆား
စားခဲ့သည့်အတွက် အစာအဆိပ်သင့်ရောဂါဖြင့် သေဆုံးခဲ့ရသည့်
ဖြစ်စဉ်များရှိခဲ့သည်။
by mizzima
Friday, December 6, 2013
မုံရွာတွင် အဆိပ်သင့်၍ ကလေးနှစ်ဦးသေဆုံး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...