<div style='background-color: none transparent;'></div>

Thursday, December 5, 2013

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများသို့ အသိပေး ကြေညာချက်

၁။ လက်ရှိပင်စင်ခံစားနေ သော အငြိမ်းစားများအား လက်ရှိ ပင်စင်လစာအပြင် ဝန်ထမ်းများ အား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂ဝဝဝဝ အပေါ် ပင်စင်နည်း ဥပဒေနှင့်အညီတွက်ချက်၍ ၂ဝ၁၃ ခုနှစ် ဧပြီလ လစာမှစ၍ တိုးမြှင့် ခံစားခွင့်ပြုခဲ့ပါသည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ မြို့ပြကာကွယ်ရေး ပင်စင်စားဦးရေ ၅၇၁၆၄၆ ဦး၊ စာရင်းရှိအင်အား၏ ၁ဝဝ ရာခိုင် နှုန်းအတွက် ပင်စင်လစာသစ်ထုတ် ယူခွင့်ကို မြန်မာ့စီးပွားရေးဘဏ် များသို့ အကြောင်းကြား ဆောင် ရွက်ပြီးဖြစ်ပါသည်။ မြန်မာ့စီးပွား ရေးဘဏ်များ၌ ပင်စင်လစာထုတ် ယူရန် ကျန်ရှိဦးရေမှာ ၁ဝ၉၆၄၁ ဦး ဖြစ်ပါသည်။

၃။ တိုးမြှင့်ပင်စင်လစာသစ် အား မြန်မာ့စီးပွားရေးဘဏ်များ တွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ် ပေးလျက်ရှိပါသဖြင့် ဆက်သွယ် ထုတ်ယူကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

၎။ ပင်စင်လစာနှင့်ပတ်သက် ၍ အခက်အခဲရှိပါက ကာကွယ် ရေးပင်စင်စားများသည် သက်ဆိုင် ရာကာကွယ်ရေးငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် မြို့ပြပင်စင်စားများသည် မိမိတို့ နှင့်နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံး ချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည် နယ်ရုံးများရှိ အောက်ပါဖုန်း/င်္ထေ နံပါတ်များသို့ ဆက်သွယ်သတင်း ပေးပို့ကြပါရန်နှင့် ပင်စင်ခံစားခွင့် ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပင်စင်ဦးစီးဌာန

The Union Daily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...