<div style='background-color: none transparent;'></div>

Monday, December 9, 2013

ပြိုင်ဘက်များကို အနိုင်ယူမည်ဟု စင်ကာပူ ပန်ကြပ်ဆီလတ်မယ် ကြုံးဝါး

စင်ကာပူ ပန်ကြပ်ဆီလတ်အသင်း၏ တစ်ဦးတည်းသောအမျိုးသမီး အားကစားသမားဖြစ်သည့် ဆိုဟိုင်လာက ပြိုင်ပွ၏အဆင့်တိုင်းတွင် ပြိုင်ဘက်များကိုအဆင့်ဆင့်အနိုင်ကစားကာရွှေတံဆိပ် ရယူသွားမည်ဟုကြုံးဝါးခဲ့သည်။ဆိုဟိုင်လာသည် ဆီးဂိမ်းအကြိုပန်ကြပ်ဆီလတ် ပြိုင်ပွဲ ကျင်းပစဉ်က
လာရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ရယူနိုင်ခဲ့သော်လည်း ပြိုင်ဘက်များကိုလေ့လာနိုင်ခဲ့ပြီ ဖြစ်သော ကြောင့်ဆီးဂိမ်းတွင် ရွှေတံဆိပ်ကိုသာအရယူသွားမည် ဖြစ်ကြောင်းဆိုသည်။

“၂၀၁၂ ခုနှစ် ကမ္ဘာ့ချန်ပီယံလုပွဲမှာ ပထမဆုံး နိုင်ငံတကာအတွေ့အကြုံယူပြီးယှဉ်ပြိုင်ခဲ့တာကြေးတံဆိပ် ရရှိပါတယ်။ နောက်ပြီပြီးခဲ့တဲ့ မြန်မာဆီးဂိမ်းအကြို pre-tast ဆီးဂိမ်းမှာလဲ ယှဉ်ပြိုင်တာကြေးပဲရပါတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့ပြိုင်ပွဲ အတွေ့အကြုံတွေရှိလို့ ဒီတခေါက် ရွှေရအောင်ယူမယ်”ဟု ဆိုဟိုင်လာက ပြောသည်။

စင်ကာပူ ပန်ကြပ်ဆီလတ်အဖွဲ့တွင် ကစားသမား ၈ ယောက်နှင့်နည်းပြ ၂ ယောက် ပါဝင်ပြီး၊အတိုက်တွင် ၇ ဦး၊ အပြတွင် ၁ ဦးသာ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...