မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် SEA Games ပြိုင်ပွဲ၌
လုပ်အားပေးနေသည့် မြန်မာ အင်ဂျင်နီယာ ၁၈ ဦးသည် ဒီဇင်ဘာ ၈ ရက်နေ့တွင်
ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ဇမ္ဗူသီရိမြို့ ဗလသိန္ဓိ ရပ်ကွက်တွင်ရှိသော
အ.ထ.က.၆ အဆောင်မှ ဒုတိယ အဆောင်တာဝန်ခံ ဦးသာဒုတ်က ပြောကြားသည်။
ယင်းအဆောင်တွင် နေထိုင်သူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်တွင် အင်ဂျင်နီယာ
၂၈၀ ဦးကျော် ရှိပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးတို့
ဝမ်းရောဂါ ဖြစ်ပွားသဖြင့် ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးဌာနက လာရောက်
စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ အစားအစာ သန့်ရှင်းမှု
မရှိခြင်း၊ စားဖိုဆောင်နှင့် အိမ်သာ နီးကပ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။
ယင်းအင်ဂျင်နီယာများသည် ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် အားကစား
ကွင်းများကို တာဝန်ယူ လုပ်အားပေးရသော လူငယ်များဖြစ်ကာ ယမန်နေ့ည ၁၂ နာရီက
သုံးဦးမှာ ဝမ်းစတင်သွားကြောင်း၊ ဒီဇင်ဘာ နံနက် ၄ နာရီခန့်တွင်
ကျန်သူများကို ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ဗဟို
ကူးဆက်ရောဂါ ကာကွယ်ရေးဌာနက လာရောက် စစ်ဆေးရာတွင် ဝမ်းကိုက်၊ ဝမ်းရောင်သာ
ဖြစ်ပြီး စိုးရိမ်စရာ မရှိခြင်းကြောင့် သောက်ဆေး တစ်ရက်စာ ပေးထားခဲ့ကြောင်း
၎င်းကဆက်လက် ပြောကြားသည်။
ယင်းအဆောင်တွင် လူဦးရေ ၁၀၀၀ ကျော်
ရှိသော်လည်း အိမ်သာမှာ အနည်းငယ်သာ ရှိကြောင်း၊ လူ ၁၀ ဦးအတွက် အိမ်သာအခန်း
တစ်ခန်းနှုန်းသာ ရှိကြောင်း ယင်းအဆောင် ဒုတိယတာဝန်ခံက ဝမ်းရောဂါ
ဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ထပ်လောင်း ပြောဆိုသည်။
ဗဟို
ကူးဆက်ရောဂါ ကာကွယ်ရေးဌာနသို့ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဆက်သွယ်
မေးမြန်းရာတွင် တာဝန်ရှိသူများသည် ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း
ယင်းဌာနမှ ပြန်လည် ဖြေကြားသည်။
by the voice weekly
Monday, December 9, 2013
SEA Games လုပ်အားပေး အင်ဂျင်နီယာ ၁၈ ဦး ဝမ်းရောဂါဖြစ်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...