သူယုံကြည်ရတယ်လို့ ထင်ရတဲ့လူတစ်ယောက်ရဲ့ မုဒိန်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ကလေးမလေး ဆာနာမူး
ထိုင်းနိုင်ငံဒုက္ခသည်စခန်းကနေအမေရိကန်ဆော့လိတ်စီးတီးမြို
့ကိုပြောင်းရွှေ့ အခြေချနေထိုင်တဲ့ အသက် ၇နှစ်အရွယ်ကရင်မလေးကို
မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ အီဆာမက်ဆိုသူ ကို ပြီးခဲ့တဲ့သောကြ်ာနေ့ 
ကထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
အမေရိကန်ကိုပြောင်းရွှေ
့နေထိုင်သူဒုက္ခသည်တဦးဖြစ်တဲ့အီဆာမက်အသက်၂၆ နှစ်ဟာ၂၀၀၈မတ်လ က
ဆော့လိတ်စီးတီးမှာ ဆာနာထူးဆိုတဲ့ကရင်မလေးကိုပြန်ပေးဆွဲ မုဒိန်းကျင့်ပြီး
သတ်ပစ်ခဲ့ တာပါ။ ဘာသာစကားအတားအဆီးကြောင့် သေဒဏ်မချမှတ်နိုင်ခဲ့ပဲ ဒီအမှုဟာ
ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။
(ဘာသာစကားအတားအဆီးကြောင့်သေဒဏ်မချမှတ်နိုင်ဘူးဆိုတာကိုနားမလည်ပါ။မူရင်းသတင်းမှာဒီလိုရေးထား
ပါ တယ်။ အကောက်အယူလွဲရင်နားလည်တတ်ကျွမ်းသူများပြင်ဆင်ပေးကြပါရန်
But
prosecutors have not asked for the death penalty due to a language
barrier - an issue that has already caused nearly six years of costly
legal delays.)
တရားရုံးအပြင်ဖက်ရောက်တော့ ဖခင် ကာတွန်းဝါးက ကျနော့်တို့ ရဲ့ တဦး တည်းသောသမီးလေး ကတော့မရှိတော့ဘူးပေါ့လို့ ပြောရှာပါတယ်။
ဆာနာမူးကို အီဆာမက်ရဲ့ ရေချိုးခန်းထဲမှာ သွေးအိုင်ထဲလဲနေတာတွေ့ ခဲ့ကြရတာပါ။ကိုးရက်ကြာစစ်ဆေးမှု
မှာကလေးသူငယ်အကြမ်းဖက်မှုရေးရာကျွမ်းကျင်သူ
လိုရီက ကလေးမဟာပြင်းပြင်း ထန်ထန်နာကျင် မှုခံစားခဲ့ရပြီး သူမရဲ
့အင်္ဂါမှာပြင်းထန်တဲ့ဒဏ်ရာတွေ တွေ့ ခဲ့ ရကြောင်း လက်တစ်ဖက်
လည်းကျိုးနေကြောင်းတွေ့ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါ တယ်။
သူတို
့မိသားစုဟာမြန်မာပြည်တောထဲကနေထိုင်းနိုင်ငံကဒုက္ခသည်စခန်းကိုထွက်လာခဲ့ကြပါတာပါ။
အဲဒီကနေမှ အမေရိကန်ကိုပြောင်းရွှေ့ အခြေချခဲ့တာပါ။
ဖခင်ဖြစ်သူက
"ကျနော့်ဘ၀မှာ အကုန်ဆုံးရှုံးခဲ့ပြီးပါပြီ။ဒါပေမယ့်ဒီတခါကတော့အကြီးကျယ်ဆုံး
ဆုံးရှုံးရမှုပါဗျာ။အခု ကျနော်စိတ်ဒဏ်ရာခံစားမှုတွေနဲ
့မိသားစုကိုဆက်လက်ထောက်ပံ့ပေး ရပါဦးမယ်။"
သမီးပျောက်သွားတော့ကျနော့်မိန်းမငိုပါတယ်။ပျောက်လို့ အကြာကြီးကြာတော့ကျနော့်တို့  သမီးသေပြီလို့ တွက် လိုက်ပါတယ်။
မိခင်ဖြစ်သူ
ပုလဲဝါးက "ကျမကိုတကမ္ဘာလုံးကအပျော်တွေနဲ့ သမီးနဲ့ လဲမယ်ဆိုရင်လည်းကျမ
မလဲနိုင်ပါဘူး။ကျမမှာဒီသမီးလေးတစ်ယောက်ထဲရှိပါတယ်။ အခုဘေးမှာ ကလေးမလေးတွေ
သွားလာ နေတာမြင်ရရင်ကျမအရမ်းကိုစိတ်ထိခိုက်ရပါတယ်။
ကလေးမလေးဟာ မတ်လ
၃၁ရက်၂၀၀၈မှာအသတ်ခံခဲ့ရတာပါ။ သူ့ အဒေါ်ကိုအောက် ထပ်သွားကစားဦးမယ်ဆိုပြီး
ထွက်သွားရာက ရောက်သင့်တဲ့အချိန်ရောက်မလာတဲ့အတွက် မိဘတွေကစိတ်ပူခဲ့ကြပါတယ်။
သူတို့ ရဲ့  ဒုက္ခသည်ရုံးက တာဝန်ခံကိုပြောပြတဲ့အခါ တာဝန်ခံက
ရဲကိုတိုင်လိုက်ပါတယ်။ နောက်တနေ့ မှာကလေးမရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို
ပြန်တွေ့ ခဲ့ကြ ပါတယ်။
အီဆာမက်ကို ဖမ်းဆီးခဲ့ပြီး ကလေးပြန်ပေးဆွဲမှု၊လူသတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။တရားခံရှေ့ နေက
ကလေးမကို
အီဆာသတ်တာဘယ်သူမှ မတွေ့ ရှိကြောင်း၊ သူ့ ဂျက်ကတ်အင်္ကျီထဲနဲ့  ကလေးမ
လက်သည်းထဲကတွေ့ ရတဲ့ DNA ဟာ အသတ် မခံရမီနေ့ တွေက သူတို့ နှစ်ဦးဂိမ်း
အတူဆော့ ရာကဖြစ်ကြောင်းလျှောက်လဲချက်ပေးပါတယ်။
အီဆာမက်ဟာထိုင်းနိုင်ငံက
ဒုက္ခသည်စခန်းထဲမှာနေခဲ့ပြီး ဒီတိုက်ခန်းကို လူသတ်မှုမဖြစ်ခင် တစ်လခန့် က
မှပြောင်းလာခဲ့ပါတယ်။သူ့ အခန်းဖော်လေးဦးနဲ့ နေထိုင်ပါတယ်။တရားခံ ရှေ့ နေ
က
သူ့  အခန်းဖော်တွေ က အီဆာမက်ကို မူဆလင်ဖြစ်တဲ့
အတွက်ရှောင်ဖယ်ရှောင်ဖယ်လုပ်ကြ တယ်လို့ ဆိုပါတယ်။အခန်းဖော်တွေလည်း ၂၀၀၈
ဧပြီ ၁ရက်နေ့ မှာအဖမ်းခံခဲ့ကြရပါ တယ်။နောက် ပိုင်းတော့ပြန်လွှတ်ပေးခဲ့ပါတယ်။
လူသတ်မှုဖြစ်ချိန်မှာ
သူတို့ မရှိဘူး။မြေအောက်ခန်း ထဲကရေချိုးခန်းထဲမှာ ကလေးမရဲ
့အလောင်းရှိနေတာလည်း အခန်းဖော်တွေမသိခဲ့ကြဘူးလို့ ရဲကပြောပါတယ်။
တရားခံအီဆာမက်
မိခင်ပုလဲဝါး
ဖခင် ကာတွန်းဝါး
မြေအောက်ရေချိုးခန်းကသွေးစတွေ
ရေချိုးခန်းနံရံကသွေးစတွေ
တရားခံအီဆာမက်ရဲ့ တိုက်ခန်းရှေ့ 
ဆာနာမူးတို့ မိသားစုနေထိုင်တဲ့ ဆော့လိတ်စီးတီးကတိုက်ခန်း။ဆာနာမူဟာ သူကိုမုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ နဲ့ ခင်မင်ခဲ့တယ်လို့ သိရတယ်။
၇နှစ်သမီးလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူ အီဆာမက်
ရဲအရာရှိMikal Wersland
ဆာနာမူးတို့ မိသားစုအတွက် ဒုက္ခသည်ရုံးတာဝန်ခံCarrie Pender
by myawady
Tuesday, January 21, 2014
အသက်ရနှစ်အရွယ်ကရင်မလေးကိုမုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ အီဆာမက်ကိုထောင်အနှစ် ၂၀ ချ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...