တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမီးလှကျွန်းအရှေ့တွင် ဇန်န၀ါရီ ၁၈
ရက် ည ၇နာရီ ၃၀ မိနစ်က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ
ကလေးသုံးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
အဆိုပါစက်လှေသည် ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာအုပ်စု ဓနိအော်ရွာမှ သစ်ခွဲသား
၁၀ တန်တင်ဆောင်၍ ပုလောမြို့နယ် ကျောက္ကာရွာတွင် သွားရောက်ရောင်းချရန်
ထွက်ခွာခဲ့ပြီး လှေသားများအပါအ၀င် စုစုပေါင်း ၁၉ ဦး
လိုက်ပါလာခဲ့ကြောင်းသိရသည်။ အဆိုပါစက်လှေသည် သမီးလှကျွန်းအရှေ့တွင်
လှိုင်းထန်လာသဖြင့် နစ်မြုပ်ခဲ့ကာ ငါးနှစ်အရွယ် (ကျား)တစ်ဦး၊ ၁၅နှစ်အရွယ်
(ကျား)တစ်ဦးနှင့် ၁၁ နှစ်အရွယ် (မ)တစ်ဦး သေဆုံးခဲ့ပြီး
ကျန်စက်လှေပေါ်တွင်ရှိသော လူများအနက် (ကျား) တစ်ဦးနှင့် (မ)သုံးဦးအား
ကယ်ဆယ်နိုင်ခဲ့ကာ ၁၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ပင်လယ်ထဲမှာ
လှိုင်းတွေထန်လာတဲ့အတွက် စက်လှေနစ်မြုပ်သွားရတာပါ။ ဖြစ်တဲ့အချိန်ကလည်း
ညအချိန်ဖြစ်နေတော့ အခုလိုအသေအပျောက်တွေ ကြုံခဲ့ရတာပါ
"ဖြစ်တာက ည
၇နာရီခွဲလောက်မှာပါ။ လှေသားတွေနဲ့အတူ ပုလောမြို့နယ် ကြဲကျေးရွာမှာရှိတဲ့
အသုဘကိုသွားဖို့ လှေကြုံစီးလာတဲ့လူတွေ ပါလာတယ်လို့ကြားတယ်။ ဖြစ်တဲ့အချိန်က
အနီးနားမှာ ကင်းမွန်မီးထွန်းလှေရှိတဲ့အတွက်
"လှေပိုင်ရှင်က တောင်သုံးလုံးရွာက ကိုဖိုးဇော်ပါ။ ကျောက္ကာရွာမှာ
သစ်ခွဲသားတွေ သွားရောင်းဖို့ ထွက်လာခဲ့ကြတာပါ။
သမီးလှကျွန်းအရှေ့ဘက်ခြမ်းမှာ အရှေ့လေတိုက်တာကြမ်းပြီးတော့ ပင်လယ်ထဲမှာ
လှိုင်းတွေထန်လာတဲ့အတွက် စက်လှေနစ်မြုပ်သွားရတာပါ။ ဖြစ်တဲ့အချိန်ကလည်း
ညအချိန်ဖြစ်နေတော့ အခုလိုအသေအပျောက်တွေ ကြုံခဲ့ရတာပါ" ဟု
စက်လှေတိမ်းမှောက်ခဲ့သည့် နေရာအနီးတွင် ကင်းမွန်ရှာဖွေနေသော
ရေလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group
Tuesday, January 21, 2014
ကျွန်းစုမြို့နယ် သမီးလှကျွန်းအရှေ့တွင် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ကလေးသုံးဦးသေဆုံးပြီး ၁၂ဦး ပျောက်ဆုံးနေ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...